YBS မှတ်တိုင်များဈေးဆိုင်ခန်းများ မဟုတ်သည့်ကားလက်မှတ်အရောင်းဆိုင်များသာဖွင့်လှစ်မှာဖြစ်ကြောင်းရန်ကုန်မြို့တော်ဝန်ပြောကြား


YBSမှတ်တိုင်များဈေးဆိုင်ခန်းများမဟုတ်သည့်ကားလက်မှတ်အရောင်းဆိုင်များကိုသာဖွင့်လှစ်သွားမှာဖြစ်တယ်လို့ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးကစက်တင်ဘာလ၂ရက်နေ့မီဒီယာများနှငိ့တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ လူစည်ကားရာ YBS မှတ်တိုင်များတွင် ခရီးသွားပြည်သူများ ၀ယ်ယူနိုင်မည့်ငါးပေအကျယ် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ဖို့စီစဉ်နေတယ်လို့ယခင်လမီဒီယာများနှင့်တွေ့ဆုံပွဲတွင်ပြောကြားခဲ့သော်လည်းဈေးဆိုင်ခန်းများတွင်အစားအစာများထက်YBSကားစီးနိုင်မည့်ငါးလက်မှတ်များကိုသာအဓိကရောင်းချသွားမှာဖြစ်တယ်လို့ယခုလ၂ရက်နေ့တွ့ဆုံပွဲတွင်ပြောကြားခဲ့သည်။
“ ဘက်စ်ကားမှတ်တိုင်ဘေးနားမှာ ဆိုင်ခန်းလေးတွေ ထားမယ်ဆိုတာကိုပြောခဲ့တယ်အဲ့ဒီတုန်းကကျွန်တော်ပြောခဲ့တယ်ဒီဟာသည်ဈေးဆိုင်မဟုတ်ဘူးဈေးတော့ဈေးဆိုင်ပဲဈေးဆိုင်ဆိုရင်ကျွန်တော်တို့ကမုန့်ဟင်းခါးအုန်းနို့ခေါက်ဆွဲကွမ်းယာအရက်အကုန်လုံးတောက်လျှောက်မြင်တာကျွန်တော်အဲ့ဒီတုန်းကလည်းပြောတယ်ဈေးတော့ဈေးဆိုင်ပဲTopupလေးတွေရောင်းမှာကားတွေကကဒ်စနစ်နဲ့သွားတော့လက်မှတ်ကလိုလာပြီ"ဟုရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောသည်။
ယခုဆိုင်ခန်းများတွင်ကွမ်းယာဆေးလိပ်များကိုရောင်းချခွင့်ပြုမည်မဟုတ်ကြောင်းအဓိကကားလက်မှတ်ကိုသာရောင်းချသွားရမည်ဖြစ်ကြောင်း၎င်းကပြောသည်။
ထို့အပြင်ဖော်ဆာင်မည့်ဆိုင်ခန်းများတွင်မီးအားသွင်းပေါက်များထည့်သွင်းပေးထားမည့်အပြင် အင်တာနက် free wifi ရရှိရန်လည်းလုပ်ဆောင်ပေးသွားမည်ဖြစ်ေုကာင်းသိရသည်။
ဈေးဆိုင်ခန်းများဖွင့်လှစ်မည့် မှတ်တိုင်အရေအတွက်မှာ မှတ်တိုင်ပေါင်း ၁၈၀၀ ရှိနေပြီး ငှားရမ်းမည့်ဈေးနှုန်းလုပ်ငန်းစတင်အကောင်အထည်မည့်လုပ်ငန်းများကိုYRTAနှင့်ညှိုင်းပြီးမှသာစတင်နိုင်မည်ဖြစ်ရာYBSကားများတွင်ကဒ်စနစ်ကိုအောက်တိုဘာလတွင်စတင်နိုင်မည်ဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်ကော်မတီဝင်ဒေါ်မေမေသွယ်ကပြောခဲ့သည်။

Comments