မန္တလေးမြို့ ၊ ၂၃ လမ်းပေါ်ရှိ Than Lwin Nadi ကွန်ဒိုအရောင်းပြပွဲကြီးကို လာမည့် ၂ဝ၁၉ ခုနှစ် ၊ စက်တင်ဘာလ (၇ ၊ ၈ ၊ ၉ ရက်) စနေ ၊ တနင်္ဂနွေ နှင့် တနင်္လာနေ့များတွင် ၊ နံနက် (၉) နာရီ မှ ညနေ (၅) နာရီ အထိ ကွန်ဒိုတည်ရှိရာ အောင်မြေသာစံမြို့ နယ် ၊ မန္တလေးမြို့ တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
Than Lwin Nadi ကွန်ဒိုကို NTL Construction မှ ဘိုးဘွားပိုင်မြေတွင် တည်ဆောက်ထားပြီး နေထိုင်ခွင့် BCC ရပြီးဖြစ်သည့်အတွက် အခန်းဝယ်ယူပြီးသည်နှင့် အဆင်သင့် နေထိုင်နိုင်မည်ဖြစ်ကြောင်းသိရသည်။
Than Lwin Nadi ကွန်ဒိုသည် အထပ်ပေါင်း (၁၂) ထပ်အမြင့်ပြီး အခန်းပေါင်း (၈၀) ကျော်ပါဝင်ရာ
အခန်းအကျယ်အဝန်း 1150 sqft မှ 1550 sqft အထိ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။
“ ယခုကျင်းပမဲ့ အရောင်းပြပွဲ(၃)ရက်အတွင်း Than Lwin Nadi ကွန်ဒိုမှ အခန်းကောင်းတွေကို ၁၅%အထိ လျှော့ဈေးနဲ့ ဦးဦးဖျားဖျား ရွေးချယ်ဝယ်ယူနိုင်မှာပါ။ အထူးဈေးနှုန်းတွေအပြင် (၂၄) လ အထိအတိုးမဲ့ အရစ်ကျလည်း ပေးသွင်းနိုင်ပါတယ်။ နှစ်ရှည်ပေးသွင်းချင်တဲ့သူများအတွက် AYA Home Loan နဲ့ (၁၅) နှစ်အထိ အရစ်ကျစနစ်များဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ပေးထားပါတယ်။ အသင့်ဆောက်ပြီးဖြစ်လို့ အဆောက်အဦးအရည်အသွေးနဲ့ အခန်းဖွဲ့တွေကို ပြပွဲအတွင်း ကိုယ်တိုင်လာရောက် လေ့လာဝယ်ယူကြဖို့ ဖိတ်ခေါ်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
Facilities များအနေဖြင့် ၊ အားကစားခန်းမ ၊ ဓာတ်လှေကား ၊ ကလေးကစားကွင်း များပါဝင်ပြီး Roof-top တွင် luxury Swimming Pool ပါရှိသည့်အပြင်ကွန်ဒို၏ အနီးအနားတွင် ဈေးချို ၊ မန္တလေးကျုံး ၊ ဆေးရုံ နှင့် ကျောင်း တို့တည်ရှိသည့်အတွက် သွားလာရလွယ်ကူပြီး အချက်အချာကျသည့်နေရာတစ်ခုဖြစ်သည့်အတွက်ရင်းနှီးမြုပ်နှံရန်ကောင်းမွန်ကြောင်းပြပွဲစီစဉ်သူဦးနေမင်းသူကပြောထပ်မံပြောကြားခဲ့သည်။

Comments
Post a Comment