TECNO က ၆.၅၂ လက်မအရွယ် High Definition SPARK 4 စမတ်ဖုန်းမိတ်ဆက်

 ခေတ်မီ အဆင့်မြင့်နည်းပညာ feature များပါဝင်သည့် အရည်အသွေးမြင့်ပစ္စည်းတစ်ခုကို လက်လှမ်းမီနိုင်သော ဈေးနှုန်းဖြင့်ရရှိနိုင်သော ကမ္ဘာကျော် SPARK series ၀င် နောက်ဆုံးအသစ်ထုတ်လုပ်သည့်ဖုန်းဖြစ်ပြီး သုံးစွဲသူများအနေဖြင့် မိမိတို့၏ထူးခြားတဲ့ အခိုက်အတန့်လေးများကို သိမ်းဆည်း၊ ဝေငှ၊ ကိုယ်တိုင်ဖော်ပြနိုင်သလို မိမိ ၀န်းကျင်ကမ္ဘာနှင့် ချိတ်ဆက်မှုရရှိနိုင်စေမည့် စိတ်လှုပ်ရှားပျော်ရွှင်ဖွယ် နည်းလမ်းသစ်များနှင့် TECNO က မိတ်ဆက်ပေးလိုက်သည်။

TECNO မိုဘိုင်းလ်မြန်မာ၏  မန်းနေးဂျင်း ဒါရိုက်တာ ဖြစ်သူ Mr. Jason Wang က “SPARK 4 ဟာ သုံးစွဲသူတွေ ငွေကြေးအတွက် စိတ်ပူစရာမလိုဘဲ အကောင်းဆုံးမိုဘိုင်းလ်ဖုန်းအတွေ့အကြုံတွေကို လူတိုင်းရရှိခံစားအောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ TECNO ရဲ့ ကတိက၀တ်ကို သက်သေပြလိုက်တဲ့ အထောက်အထားတစ်ခုပါပဲ။” ဟု ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး “အမြဲတမ်းအသစ်အဆန်းကို ရှာဖွေနေကြတဲ့ ဒီနေ့ခေတ်လူငယ်တွေရဲ့ လိုအပ်ချက်နဲ့ လူနေမှု ပုံစံကို ဒီနောက်ဆုံးထုတ် ဖုန်းနဲ့ ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ အထူးအာရုံစိုက်ခဲ့ကြတာပါ။ အရည်အသွေး မြင့်မားတဲ့၊ မြင်ကွင်းကျယ်ကျယ်မြင်ရတဲ့၊ ဘေးပတ်ဝန်းကျင်အလင်းရောင်အနေအထားနဲ့  ကိုက်ညီအောင်ညှိပြီး ဒီဇိုင်းပုံဖော်ပေးမယ့် AI ကင်မရာ ၃ လုံးပါဝင်တဲ့ TECNO SPARK 4 ဟာ သုံးစွဲသူတွေအနေနဲ့ ဂိမ်းပဲဆော့ဆော့၊ ဗီဒီယိုပဲရိုက်ရိုက်၊ ဓာတ်ပုံပဲရိုက်ရိုက် အဟန့်ကောင်းကောင်းနဲ့ အလွန်ပေါ်လွင်ထင်ရှားတဲ့ အတွေ့အကြုံတွေ ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။” ဟု ရှင်းလင်းပြောဆိုခဲ့ပါသည်။

TECNO SPARK 4 အသစ်ကို အောက်တိုဘာလ ၁ ရက်နေ့မှစပြီး မြန်မာကျပ်ငွေ ၁၅၉,၉၀၀ ကျပ်မှစတင်ပြီး ဝယ်ယူရရှိနိုင်ကြောင်းသိရသည်။

သုံးစွဲသူများအနေဖြင့် ထင်ရှားကြည်လင်ကျယ်ပြောသည့် မြင်ကွင်းရရှိနိုင်အောင် အထူးတလည်ရည်ရွယ်ပုံဖော် ထားသော SPARK 4 တွင် အောက်ဖော်ပြပါ feature များစွာဖြင့် အပြည့်အစုံ ပေါင်းစည်းထည့်သွင်း  ပေးထားပြီး

အမှန်တကယ် ရုပ်ရှင်ရုံတွင်ရှုစားရသကဲ့သို့ ရင်သပ်ရှုမောဖွယ် အရောင်များ ပုံရိပ်များကို ရှင်းရှင်းလင်းလင်း ပီပီပြင်ပြင် ရှုမြင်ခံစားနိုင်သည့် ၆.၅၂ လက်မအကျယ်ရှိ high-resolution screen မျက်နှာပြင်

သုံးစွဲသူများအနေဖြင့် ဖုန်းမျက်နှာပြင်ရှိ အကြောင်းအရာများကို အထက်အောက်ရွှေ့ပြီး scroll လုပ် ကြည့်ရှုရမှုနည်းပါးစေမည့် မျက်နှာပြင်အချိုး ၉၀ % ရှိအောင် ဒီဇိုင်းဖော်ထားသည့် ယခုလောက်တစ်ခါမျှ မကြီးမားဖူးသည့် dot-notch design
တစ်နေ့တာလှုပ်ရှားမှုဟူသမျှကို အသေးစိတ်မှတ်တမ်းတင် ပုံရိပ်ဖမ်းပေးထားနိုင်ခြင်း
ဓာတ်ပုံများ၊ ဗီဒီယိုများမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်သွယ်မှုတိုးပွားလာသောခေတ်အတွက် ဖန်တီးပေးထားသည့် TECNO SPARK 4 တွင် မိုဘိုင်းလ်ဓာတ်ပုံဆရာများနှင့် selfie ရိုက်ခြင်းနှစ်သက်သူများ အတွက် နောက်ဆုံးပေါ်ကင်မရာနည်းပညာများ ထည့်သွင်းထားကြောင်းသိရသည်။





Comments