SCG Myanmar ကုမ္ပဏီမှ ပညာသင်ဆုပေးအပ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည်စက်တင်ဘာလ၄ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ UMFCCI ခန်းမတွင်ကျင်းပသော SCG Myanmar ကုမ္ပဏီ၏ ၈ နှစ်မြောက်ပညာသင်ဆုပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။

ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူဖြစ်စေနိုင်သည့်ပညာသင်ထောက်ပံ့ကြေးပေးမှုကိုကြိုးပမ်းဆောင်ရွက်နေသောSCGကုမ္ပဏီကို အထူးကျေးဇူးတင်ကြောင်း၊နိုင်ငံတွင်းမှာရှိနေသည့်မိတ်ဘက်အဖွဲ့အစည်းများအားလုံးကဝိုင်းဝန်းကူညီပံ့ပိုးပေးခြင်းဖြင့် မိမိတို့၏ အနာဂတ်မျိုးဆက်လူငယ်များဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊လူငယ်မျိုးဆက်များကိုလည်းအဓိကမှာကြားလိုကြောင်း၊ဘဝဆိုတာရုန်းကန်နေကြရတာဖြစ်ပြီးကိုယ့်ရုန်းကန်လှုပ်ရှားမှုများနှင့်ပတ်သက်လျင်ရည်မှန်းချက်ပန်းတိုင်အတွက်အမြဲတမ်းမဆုတ်မနစ်အားထုတ်ကြိုးပမ်းကြရန်လိုကြောင်း၊မိမိ၏စိတ်ဓာတ်ခွန်အားကိုအမြဲတမ်းကောင်းမွန်နေရန်ကြိုးစားရမှာဖြစ်ကြောင်း၊ စိတ်ဓာတ်ခွန်အားကောင်းမွန်မှုသည် အခြားသူများ အပေါ်မှာအပြစ်
မြင်တာမျိုး၊မကောင်းမြင်တာမျိုးမဟုတ်ပဲနှင့်အပြုသဘောမြင်ခြင်းဖြင့်မိမိ၏စိတ်ဓာတ်ခွန်အားကိုတည်ဆောက်ဖို့လိုအပ်ကြောင်း၊ ဒါမှသာ မိမိရည်မှန်းသည့် ပန်းတိုင်တစ်ခုကို အောင်အောင်မြင်မြင် ရောက်ရှိမှာဖြစ်ကြောင်း၊အားလုံးအောင်မြင်မှုပန်းတိုင်ကိုရောက်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်စေချင်ကြောင်းတိုက်တွန်းပြောကြားသည်။

ထို့နောက်မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံး၏ဒုတိယညွှန်ကြားရေးမှူး Ms. Kanokwan Pengsuwan နှင့် SCG Myanmar ၏ Country Director Mr. Surachai Pomjindachote တို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

SCG သည် မွန်ပြည်နယ်အတွင်းနှင့် တက္ကသိုလ်ပညာသင်ဆု ၂၀ အပါအ၀င်စုစုပေါင်း၃၂၀ဆုမှပညာသင်ဆု၁၅၀ကိုရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူငယ်များအား ယနေ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



Comments