နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်မည့်ခေါင်းဆောင်ကောင်းများမွေးထုတ်နိုင်ရန်Pan pacificဟိုတယ်တွင်ဟောပြောပွဲကျင်းပ



နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်မည့်ခေါင်းဆောင်ကောင်းများမွေးထုတ်နိုင်ရန်Connecting Leadership and Lifelong Learning to Career Success" ဟောပြောပွဲကျင်းပကိုစက်တင်ဘာလ၁ရက်နေ့မွန်းလွဲ၂နာရီကရန်ကုနိမြို့Pan pacificဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့သည်။
Connecting Leadership and Lifelong Learning to Career Success"ဟောပြော ပွဲနှင့်အတူChangeU Myanmar International College ၏ MBA Programmeမိတ်ဆက်ခြင်းကိုလည်းပူးတွဲလုပ်ဆောင်ခဲ့သည်။
ဟောပြောပွဲတွင်Myanmar Landမှ CEO ဒေါက်တာလင်းသိုက်ညွှန့်၊ UNGC Network MyanmarမှChairman ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ Jardine Schindler Myanmarမှပရောဂျက်မန်နေဂျာ ဦးဝင်းနိုင် ၊ Myanmar ABE UK မှ Country Manager Mr. Suren Verma ကအသီးသီးဟောပြောဆွေး နွေးခဲ့ကြသည်။
ChangeU Myanmar International Collegeသည်နယ်ပယ်အသီးသီးတွင်ထူးချွန်အောင်မြင်သောခေါင်းဆောင်ကောင်းများပေါ်ထွက်လာစေရန်နှင့် ကျောင်းသူကျောင်းသားများအားလုံးလက်လှမ်းမှီနိုင်ပြီးအရည်အသွေးပြည့်ဝသည့်" Affordable and High-Quality Educatio" အစီအစဉ်များကိုပေး နိုင်ရန်ရည်ရွယ်ချက်ဖြင့်ယင်းMBA Programme ကိုအထူးစီစဉ်ဆောင်ရွက်ထားရှိခြင်းဖြစ်သည်။
ChangeU Myanmar International College ၏ MBA Programme မိတ်ဆက်ခြင်း နှင့်"ConnectingLeadership and Lifelong Learning to Career Success" ဟောပြောပွဲအား CB Bank၊Golden City Real Estate ၊Myanmar Jardine Schindler လီမိတက်နှင့် Top Reality Enterpise ကုမ္ပဏီ လီမိတက်တို့မှပံ့ပိုးကူညီပေးထားကြောင်းသိရသည်။

Comments