အူရီဒူးမြန်မာမှ၂ဝ၁၉ခုနှစ်ပထမသုံးလပတ်နှင့်ဒုတိယသုံးလပတ်များအတွက်မြန်မာ့အမြန်ဆုံးမိုဘိုင်းကွန်ရက်အဖြစ်ကွန်ရက်အမြန်နှုန်းတိုင်းတာစစ်ဆေးမှုတွင် ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းဖြစ်သည့် Ookla®၏ထပ်မံအသိအမှတ်ပြုခြင်းခံရကြောင်းဂုဏ်ယူဝမ်းမြောက်စွာ ကြေညာလိုက်သည်။
အူရီဒူးမြန်မာသည် ပြီးခဲ့သည့် ၂ဝ၁၈ခုနှစ်၏ ဒုတိယသုံးလပတ် နှင့် တတိယသုံးလပတ် အတွက် မြန်မာ့အမြန်ဆုံးမိုဘိုင်းကွန်ရက်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။အူရီဒူးသည်အမြန်နှုန်းရမှတ်၂၈.၃၆ ကို download အတွက် ပျှမ်းမျှအမြန်နှုန်း ၃ဝ.ဝဝ Mbps နှင့် upload အတွက် ၁၆.၆၂ Mbps တို့ဖြင့် ရရှိခဲ့ပြီး Speedtest Intelligence® ဒေတာသည် သုံးစွဲသူများကိုယ်တိုင် ဝဘ်ဆိုဒ်နှင့် မိုဘိုင်းပလက်ဖောင်းများကိုသုံး၍ စမ်းသပ်သည့် စမ်းသပ်ချက် သန်းပေါင်းများစွာပေါ်တွင် အခြေခံထားသည်။ မြန်မာနိုင်ငံရှိ မိုဘိုင်းကွန်ရက်အော်ပရေတာများ အားလုံး၏ ကွန်ရက်အမြန်နှုန်းသည်တစ်နိုင်ငံလုံးနေရာအနှံ့အပြား၌ဆောင်ရွက်သည့် စမ်းသပ်မှုပမာဏမြောက်မြားမှ ရရှိသော Speedtest Intelligence ဒေတာမှတ်တမ်းများပေါ်တွင် ရှိနေသည်။
“ကျွန်တော်တို့အနေနဲ့SpeedtestIntelligenceဒေတာမှတ်တမ်းအရ မြန်မာ့အမြန်ဆုံး မိုဘိုင်းကွန်ရက်ဆုကို ထောက်ခံကြောင်း အတည်ပြုပါတယ်။” ဟု Ookla ၏ CEO ဖြစ်သူ Doug Suttles ကပြောကြားလိုက်သည်။
အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi က “အူရီဒူးဟာ မြန်မာ့အမြန်ဆုံး မိုဘိုင်းကွန်ရက်ဖြင့်ဝန်ဆောင်မှုပေးနေကြောင်း အချိန်နဲ့အမျှ သတ်သေပြနိုင်မယ့် အောင်မြင်မှု မြောက်မြားစွာ ရှိနေပါတယ်။ကျွန်တော်တို့အနေနဲ့သုံးစွဲသူတွေအတွက်ကျွန်တော်တို့ရဲ့ ကွန်ရက်အမြန်နှုန်းတွေနဲ့အတူ အကောင်းဆုံးသော ဒီဂျစ်တယ်အတွေ့အကြုံတွေကို ပေးအပ်သွားမှာဖြစ်ပြီး သူတို့ရဲ့ ဒီဂျစ်တယ်ဘဝတွေပြည့်စုံကောင်းမွန်စေဖို့အတွက် အမြဲကူညီ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ဆန်းသစ်ကောင်းမွန်တဲ့ဒီဂျစ်တယ်ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကိုအူရီဒူးရဲ့အမြန်ဆုံးအင်တာနက်နဲ့ အသုံးပြုနိုင်ဖို့ မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ အူရီဒူးမြန်မာဟာ မြန်မာနိုင်ငံက ထိပ်တန်းနည်းပညာလုပ်ငန်းတွေ ထဲကတစ်ခုဖြစ်တဲ့အလျှောက်ကျွန်တော်တို့အနေနဲ့စဉ်ဆက်မပြတ် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီးကွန်ရက်အဆင့်မြှင့်တင်ခြင်းတွေဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”ဟုပြော
ကြားသည်။
အူရီဒူးသည်မြန်မာနိုင်ငံတွင်4Gကွန်ရက်ကို၂ဝ၁၆ခုနှစ်မေလမှစတင်၍ ပထမဦးဆုံး တရားဝင် စတင်ပေးအပ်ခဲ့ပြီး လက်ရှိတွင် မြို့နယ်ပေါင်း ၃ဝဝကျော်နှင့် လူဦးရေ ၃၂ သန်းနီးပါးအား 4G ကွန်ရက် လွှမ်းခြုံထားပြီဖြစ်
ကြောင်းသိရသည်။

Comments
Post a Comment