ဒါရိုက်တာခရစ်စတီးနားခီရိုက်ကူးထားတဲ့“ထာဝရနှောင်ကြိုး” Now and Ever ရုပ်ရှင်ဇာတ်ကားကြီးဆင်ဆာရရှိ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ ဒါရိုက်တာခရစ္စတီးနားခီ ရိုက်ကူး ပုံဖော်ထားတဲ့ “ထာဝရနှောင်ကြိုး” Now and Ever ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဆင်ဆာကတော့ စက်တင်ဘာ လပထမအပတ်ထဲမှာပဲဆင်ဆာရရှိသွားပြီးဖြစ်ပါတယ်။

"Now and Ever "ရုပ်ရှင်ဇာတ်ကားကတော့ ခီမောင်နှံရဲ့ တတိယမြောက်ပုံဖော်ဖန်တီးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ဆင်ဆာရရှိသွားပြီဖြစ်တဲ့အတွက်မကြာခင်မှာပဲ ပရိသတ်တွေရှေ့ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ထာဝရနှောင်ကြိုး ရုပ်ရှင်အတွက် သရုပ်ဆောင်များ ဇာတ်လမ်း ဇာတ်ကောင် စရိုက်နှင့် ကိုက်ညီမှု ရှိစေရန် stylist Siriwan Kanchuchor နှင့်
သူမ၏ assistant Namfon phanphermphun တို့ကို Central Base Productions မှ အလုပ်အတူတကွ လုပ်ကိုင်ရန်ကမ်းလှမ်းခဲ့ပြီးCentral Base Productions မှ သရုပ်ဆောင်များအား သရုပ်ဆောင်တာဝန်ကိုသာ အာရုံစိုက်နိုင်ဖို့ ရည်ရွယ်ပြီး ဝတ်စုံပေါင်း ၁၃၉စုံကို စီစဉ်ပေးခဲ့ခဲ့တယ်လို့လည်းသိရပါတယ်။

သရုပ်ဆောင်ဇဏ်ခီကိုယ်တိုင်ဇာတ်ညွှန်းရေးသားထားသည့်ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင် တွေ အဖြစ် ဇဏ်ခီအပါအဝင် ပိုင်ဖြိုးသု၊ အောင်အောင်(မြင်းစိုင်းသား)၊ မင်းညို၊ ရဲနောင်ချို၊ ခင်သဇင်၊ ဂျူးဂျုးကေ၊ ဇူးဇူးဟန်နီထွေး နဲ့ တခြားသောအနုပညာရှင်များစွာကပါဝင်သရုပ်ဆောင်ထား တာဖြစ်ပါတယ်။

Comments