MIT, Harvard နှင့်​ ကမ္ဘာ့ထိပ်​တန်း တက္ကသိုလ်​ကြီးများမှ ချီးမြှင့်​မည့်​ Micro Masters. Online (၁)နှစ်​သင်​တန်းဖွင့်​လှစ်​မည်

MSCC နှင့်​ Edx တို့ပူး​ပေါင်း၍ MIT, Harvard နှင့်​ ကမ္ဘာ့ထိပ်​တန်း တက္ကသိုလ်​ကြီးများမှ တိုက်​ရိုက်​ချီးမြှင့်​​သော "Micro Masters "အဆင့်​သင်​တန်းများကို မည်​သည့်​​နေရာ/ အချိန်​မဆို Online + Offline ဖြင့်​သင်​ယူနိုင်​ပြီဖြစ်​​ကြောင်း UMFCCIတွင်​စက်​တင်​ဘာလ ၁ ရက်​​က ပြုလုပ်​ခဲ့​သောစာနယ်​ဇင်းရှင်းလင်းပွဲမှ သိရသည်​။

MSCC သည်​ Edx. org(US) ၏ Online သင်​ကြား​ရေးဆိုင်​ရာ ပထမဆုံးနှင့်​ တစ်​ခုတည်း​သော သင်​တန်း​ကျောင်းဖြစ်​ပြီး တရားဝင်​ လုပ်​​ဖော်​ကိုင်​ဖက် (Official Partner)ဖြစ်​ပါသည်​။
MSCC အ​နေဖြင့်​ လက်​ရှိ Online သင်​တန်းနှင့်​ပတ်​သက်​သည့်​ ​ဈေးနှုန်း၊အချိန်​ဇယား၊ ဒီဂရီလက်​မှတ်​၊ကျွမ်းကျင်​ဆိုင်​ရာလက်​မှတ်​နှင့်​ အခြား​သော သင်​တန်းသားများ၏ လိုအပ်​ချက်​ကို ညှိနှိုင်း​ဆောင်​ရွက်​​ပေးခွင့်​ရှိ​သော သင်​တန်း​ကျောင်းတစ်​ခုဖြစ်​သည်​။

MSCC ကို ၁၉၉၉ ခုနှစ်​တွင်​ Private Tuition Provider အ​နေဖြင့်​ စတည်​တည်​​ထောင်​ခဲ့ပြီး ၂၀၁၀ ခုနှစ်​တွင်​ Logistics & Supply Chain Management Certicate Courses များကို စတင်​ဖွင့်​လှစ်​ခဲ့ပါသည်​။ ထို့အပြင်​ ISO 9001:2015/Cert 55651 လက်​မှတ်​ရရှိထား​သော သင်​တန်း​ကျောင်းဖြစ်​သည်​။

၂၀၁၁ ခုနှစ်​တွင်​ နိုင်​ငံတကာအသိအမှတ်​ပြု Shipping Business Professionals များပါဝင်​သည့်​ တစ်​ခုတည်း​သောအဖွဲ့အစည်းဖြစ်​သည့်​ London အ​ခြေစိုက်​ Institute of Charted Shipdrokers (ICS)နှင့်​ ချိတ်​ဆက်​၍ Advanced Diploma သင်​တန်းများကို စတင်​ဖွင်​လှစ်​ခဲ့ပြီး ၂၀၁၆ တွင်​ ICM နှင့်​ ပူး​ပေါင်း၍ နိုင်​ငံတကာ အသိအမှတ်​ပြု Advanced Diploma, Certificate နှင့်​ Single Subject Diplomas သင်​တန်းများကို ဖွင့်​လှစ်​ခဲ့ပါသည်​။

ABE(UK)မှ ​ပေးအပ်​ချီးမြှင့်​​သော Executive Diploma in Business & Supply Chain Management နှင့်​ EGS(paris)မှ ​ပေးအပ်​ချီးမြှင့်​သည့်​ MBA in Logistics & SCM Executive Diploma သင်​တန်းများကို ၂၀၁၇ ခုနှစ်​မှ စတင်​ဖွင့်​လှစ်​ခဲ့ရာ ယခုအခါ Executive Diploma Batch(၇) ခု ကို ဖွင့်​လှစ်​သင်​ကြားပို့ချပြီးဖြစ်​ပါသည်​။

ယခုအခါ ၂၀၉ ခုနှစ်​မှစတင်​ကာ MSCC နှင့်​ Edx တို့ပူး​ပေါင်း၍ MIT, Harvard နှင့်​ ကမ္ဘာ့ထိပ်​တန်း တက္ကသိုလ်​ကြီးများမှ တိုက်​ရိုက်​ချီးမြှင့်​​သော "Micro Masters "အဆင့်​သင်​တန်းများကို မည်​သည့်​​နေရာ/ အချိန်​မဆို Online + Offline ဖြင့်​သင်​ယူနိုင်​ပြီဖြစ်​​​ကြောင်းသိရသည်​။



Comments