စားသောက်ဆိုင်ခန်းများ၊ Mini Music Concert နှင့် Game ပြိုင်ပွဲများစွာပါဝင်မည့် ပထမဆုံး Wonderfest ပွဲတော်ကြီးကျင်းပမည်
လူကြီး၊ လူငယ်တိုင်းပျော်ရွှင်စေမည့် ပထမဆုံးနှင့် အထူးခြားဆုံးပွဲတော်ကြီးတစ်ခု ဖြစ်လာမည့် Wonderfest ပွဲတော်ကြီးကို GSE နှင့် Satius Media တို့ပူးပေါင်း၍ လာမည့် အောက်တိုဘာလ (၃၁) ရက်နေ့မှ နိုဝင်ဘာလ (၃) ရက်နေ့အထိ (၄) အထိ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပသွားမည်ဖြစ်ကြောင်း စက်တင်ဘာ (၁၄) ရက်နေ့၊ Sule Square တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။
ပြည်တွင်း ပြည်ပအနုပညာရှင်များ၏ Mini Music Concert များ၊ အစားအသောက်ဆိုင်ခန်းများ ၊ ဈေးဆိုင်တန်းများ ၊ Aracade နှင့် Battle Arena တို့ပါဝင်မည့် Play Zone အပြင် မြန်မာနိုင်ငံ၏ပထမဆုံး Outdoor Cinema တစ်ခုဖြစ်သည့် Midtown Cinema တို့ပါဝင်မည့် Wonderfest ပွဲတော်ကြီးက လူကြီး၊ လူငယ်တွေသာမက ကလေးငယ်များပါ တစ်နေရာတည်းမှာ ပျော်ရွှင်နိုင်မည့် ပွဲတော်ကြီးဖြစ်လာနိုင်ကြောင်း ဆိုပါပွဲမှသိရသည်။
Comments
Post a Comment