LUSH Magazine Myanmarနှင့်​ Heineken Myanmar တို့ အတူ ပူး​ပေါင်းတက်​ဆက်​​သော The Iconic Evening Fashion Show ကျင်းပ

LUSH Magazine၂နှစ်ပြည့်အထိမ်းအမှတ်အဖြစ်​  LUSH Magazine Myanmarနှင့်​ Heineken Myanmar တို့ အတူ ပူး​ပေါင်းတက်​ဆက်​​သော The Iconic Evening  ဟုအမည်​​ပေးထား​သော Fashion Show ကို စက်​တင်​ဘာလ ၂၈ ရက်​(စ​နေ​နေ့) ၊ ည ၆နာရီက စတင်​ပြီးရန်​ကုန်​မြို့၊ Inya Lake Hotel တွင်​ ကျင်းပပြုလုပ်​ခဲ့သည်​။

အဆိုပါThe Iconic Evening Fashion Show ကိုမြန်​မာနိုင်​ငံရှိနာမည်​​ကျော်​ ​မော်​ဒယ်​များနှင့်​အတူ
မတူညီ​သော Fashion tasteအမျိုးမျိုးကိုပေးစွမ်းနိုင်​မည့်​ Round ၅ ခုနှင့်​ပြသသွားမည်ဖြစ်​​ကြောင်း၊Designerများ၏အထူးCollectionများအတွက်​ Round ၃ ခုနှင့်​ Versace Jeans ၊ Heineken တို့အတွက်​ Round ၂ ခုဖြင့်​ တင်​ဆက်​သွားမည်​ဖြစ်သည်ဟု LUSH Magazine တာဝန်​ရှိသူတစ်​ဦးက ​ပြောကြားသည်​။

Iconic Evening တွင်​ LUSH Magazine Myanmarနှင့်​အတူ Venue Partner အဖြစ်​ Inya Lake Hotel ၊Beauty Partner အဖြစ်​ ESTEE
LAUDER ကပါဝင်​ကူညီ​ပေးထားပြီး Officail Hair & Make Up Artist အဖြစ်​ HELLOမှတာဝန်​ယူပေးထားခြင်းဖြစ်ပြီးအခြားသောSupporting Partners များအဖြစ်​  Kinohimitsu၊Versace Jeans Couture၊WeShopDiva Wigsနှင့်​ Flower Shopတို့က ပါဝင်​ကူညီ​ပေးထားကြောင်းသိရသည်။

၎င်း ဖက်​ရှင်​ရှိုးအတွက်​Official Fashion Designer မျာအဖြစ်​ Designer Htu Aung, Designer Mrjet နှင့်​ DesignerWon Yone တို့က ပါဝင်​​ပေးထာကြပြီး Creative Director အဖြစ်​ ကိုသီဟန်​​ကျော်​မှ တာဝန်​ယူ​ပေးထားသည်ဟုသိရသည်။

LUSH Magazine Myanmarကို၂၀၁၇ ခုနှစ်​၊စက်​တင်​ဘာလတွင်​ စတင်​ထုတ်​​ဝေ​ပေးခဲ့ပြီး ယခု၂၀၁၉ ခုနှစ်​၊စက်​တင်​ဘာလတွင်​ ၂ နှစ်​ပြည့်​​မြောက်​ခဲ့ခြင်းလည်းဖြစ်​သည်​။ LUSH Magazine Myanmar သည်​မြန်​မာနှင့်​ အင်္ဂလိပ်​ဘာသာ စကား နှစ်​ခုဖြင့်​ ထုတ်​​ဝေ​သော မဂ္ဂဇင်းတစ်​ခုဖြစ်​ပြီး၂ နှစ်​တာကာလအတွင်း Issue ​ပေါင်း ၂၂ ခုနှင့်​ LUSH Beauty Special Issue တစ်​ခုတို့ကို ထုတ်​​ဝေခဲ့ကြောင်းသိရသည်။




Comments