JunctionCityမှာ မြန်မာဆိုရှယ်မီဒီယာ အက်ပလီကေး ရှင်းတစ်ခုဖြစ်တဲ့ OK Par မိတ်ဆက်

မြန်မာလူမျိုးများအတွက်လုံခြုံစိတ်အချရဆုံးဖြစ်သည်"မြန်မာ့လူမှုကွန်ယက်OKPar"၏မိတ်ဆက်ပွဲအခမ်းအနားကြီးကိုရန်ကုန်မြို့၊ JunctionCityမှာစက်တင်ဘာလ၂၀ရက်နေ့ညနေ၆နာရီကစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်​။

အခမ်းအနားကိုညနေ၆နာရီမှာစတင်ပြီးမြန်မာနိုင်ငံတွင်SocialNetworkလုံခြုံးရေးကျိုးပေါက်မှုများစွာဖြစ်ပေါ်နေပြီးမြန်မာပြည်သူများ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်သည့် OKParကိုတည်ထောင်ရခြင်း ဖြစ်သည်ဟု OKPar ၏ မန်နေးဂျင်းဒါရိုက်တာကိုပြည့်ဖြိုးထက်က ပြောကြားခဲ့ပါသည်​။

“အဓိကကတော့မြန်မာပြည်သူတွေအတွက်မြန်မာနိုင်ငံသားတွေပိုင်တဲ့SoicialNetworkတစ်ခုရှိဖို့ပါ။မြန်မာနိုင်ငံသားတွေပိုင်တယ်၊မြန်မာပြည်မှာအခြေစိုက်တယ်၊ Admin Teamကလည်းမြန်မာတွေပဲ ဖြစ်တာကြောင့်သုံးစွဲသူတွေကို၂၄နာရီအချိန်နဲ့တပြေးညီဝန်ဆောင်မှုပေးနိုင်နေမှာပါ။တခြားလူမှုကွန်ယက်တွေမှာChatlistတွေပေါက်ပြီးလူမှုပတ်ဝန်းကျင်မှာ ဆိုးကျိုးတွေအများကြီး ဖြစ်နေတယ်။ ကျွန်တော်တို့OKParမှာအဲဒီလိုလုံးဝမရှိအောင်EndtoEdndEncryptionကိုအသုံးပြုထားတာကြောင့်မြန်မာပြည်သူတွေလုံခြုံစိတ်ချစွာ အသုံးပြု နိုင်ပါတယ်”ဟု ကိုပြည့်ဖြိုးထက်က ပြောပါသည်​။

ဆက်လက်၍OKParတွင်အခြားသောSocialNetworkများတွင်ပါရှိသည့်Functionများလည်းပါဝင်ပြီး သုံးစွဲသူများ၏ Privicy လုံခြုံမှုရှိ ရေးကို အဓိကထားကာ ဆောင်ရွတ်ထားသည်ဟု OKPar ၏ CoFounderကိုငြိမ်းမင်းကပြောကြားခဲ့ပါသည်​။

“ကျနော်တို့အဓိကအလေးထားပြင်ဆင်ထားတာကအသုံးပြုသူတွေရဲ့Privacyနဲ့လုံခြုံရေးကအဓိကပါ။ ဒီအပေါ်အခြေခံထားပြီးတော့ အသုံးပြုသူတွေအနေနဲ့အကောင်းဆုံးနဲ့အလွယ်ကူဆုံးအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဘယ် Social Network မှာမှ မပါသေးတဲ့ chat နေတုန်း Screenshoot ရိုက်တာနဲ့ သိနိုင်တဲ့ Function ကို OKPar Chat Setting မှာ ထည့်ထားပါတယ်။ ဒါကသုံးစွဲသူတွေရဲ့Privicyချိုးဖောက်ခံရမှုကိုများစွာအကာကွယ်ပေးနိုင်မှာသေချာပါတယ်။နောက်ပြီးတော့သုံးစွဲသူတွေအချင်းChatနေတာကို အခြားသော Social Network တွေမှာဆိုရင် သူတို့ရဲ့ Server တွေမှာ သိမ်းထားတာမျိုးရှိတယ်။ ကျွန်တော်တို့ OKparမှာတော့ဒါမျိုးလုံးဝမရှိပါဘူး။ Chat နေပြောနေကြသူ နှစ်ဦးသာလျှင်မြင်ရအောင် လုပ်ထားပါတယ်။ ဒါကြောင့် Chat ကနေ မိမိရဲ့ ကိုယ်ရေးအချက်လက်တွေ ပေါက်ကြားနိုင်တဲ့ ကိစ္စမျိုးတွေကနေအများကြီးးကာကွယ်ပေးသွားနိုင်ပါတယ် ”ဟု ကိုငြိမ်းမင်းဦးက ပြောပါတယ်။

အခမ်းအနားအစီအစဉ်အပြီးတွင်Gameများဆော့ပြီးအနိုင်ရရှိသူကိုGrandPrizeအဖြစ်SamsungGalaxyNote10+ကိုချီးမြင့်ပေးခဲ့သည်​။

OKParမှလက်ရှိအချိန်တွင်PointSystemအားလည်းစတင်မိတ်ဆက်ထားပြီးတန်ဖိုးကြီးလက်ဆောင်များနှင့် လဲလှယ်ပေးနေပြီး  OKParမှကြီးမှူးပြီးSocialNetworkနှင့်ပတ်သက်သည့်ဆွေးနွေးပွဲကြီးတစ်ခုကိုလည်းကျင်းပရန်စီစဉ်နေကြောင်းသိရသည်​။





Comments