အူရီဒူးမြန်မာက Google Play Store ရှိ App နှင့် App အတွင်း ၀ယ်ယူမှုများအတွက် ဖုန်းဘီလ်ဖြင့်တိုက်ရိုက်ငွေပေးချေနိုင်မည့် ဝန်ဆောင်မှုစတင်

  အူရီဒူးမြန်မာမှ ယနေ့တွင် Google Play Store အသုံးပြုရာတွင် ဖုန်းဘီလ်ဖြင့်တိုက်ရိုက် ငွေပေးချေနိုင်မည့် ဝန်ဆောင်မှုကို ကမ်းလှမ်းပေးနိုင်ရန်အတွက် Google နှင့် ပူးပေါင်းဆောင်ရွက်လိုက်သည့် မြန်မာနိုင်ငံရှိ ပထမဦးဆုံးအော်ပရေတာ ဖြစ်လာကြောင်း သတင်းကြေညာချက် ထုတ်ပြန်လိုက်သည်။

          ယခုပူးပေါင်းဆောင်ရွက်မှု၏ ပထမအဆင့်အနေဖြင့် (စတင်ဝယ်ယူကတည်းက Google Play Store အက်ပလီကေးရှင်းပါဝင်သည့်) အန်းဒရွိုက်ဖုန်းအသုံးပြုသည့် အူရီဒူးသုံးစွဲသူများ အားလုံး Google Play Store မှ ပရီမီယမ် အက်ပလီကေးရှင်းများနှင့် အက်ပလီကေးရှင်းအတွင်း ပရီမီယမ် ၀ယ်ယူမှုများ ဝယ်ယူလိုသူများအတွက် ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လ၊ ၃၀ ရက်မှ စတင်၍ အကြွေးဝယ်ကဒ် (Credit Card) များအား အသုံးပြုစရာမလိုဘဲ အဆင်ပြေချောမွေ့စွာ အူရီဒူးဖုန်းဘီလ်ဖြင့် အလွယ်တကူဝယ်ယူအသုံးပြု နိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် Google Play Store သို့ ၄င်းတို့၏ G-Mail ဖြင့် ဝင်ရောက်ပြီး ဖော်ပြပါ အဆင့်ဆင့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်၍ မှတ်ပုံတင်ခြင်းပြုလုပ်ပြီး ပေးချေရန်လမ်းကြောင်းကို အူရီဒူးသို့ ပြောင်းထားရန်သာ လိုအပ်ကြောင်းသိရသည်။

          “ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေ  ပရီမီယံအက်ပလီကေးရှင်းတွေနဲ့ သူတို့ရဲ့ နှစ်ခြိုက်ရာ အက်ပလီကေးရှင်းတွေထဲက ၀ယ်ယူမှုတွေကို ဝယ်ယူချင်တဲ့အခါမျိုးမှာ အကြွေးဝယ်ခွင့်ကဒ် လိုအပ်တာကြောင့် တစ်ခါတစ်ရံ အခက်အခဲဖြစ်တာကို သတိပြုမိပါတယ်။ ယခုအခါမှာ အူရီဒူးသုံးစွဲသူတွေအားလုံး မိမိတို့ရဲ့အူရီဒူးဖုန်းဘီလ်ကိုအသုံးပြုပြီး အလွယ်တကူနဲ့ အဆင်ပြေချောမွေစွာ ဝယ်ယူအသုံးပြုနိုင်တော့မှာဖြစ်လို့ ဒီဂျစ်တယ်လူနေမှုဘဝကို ပျော်ရွှင်နှစ်ခြိုက်စွာ ခံစားလို့ရနေပါပြီ။ ၄င်းဟာ တကယ့်ကို ပိုမိုအဆင်ပြေပြီး အသုံးပြုရလွယ်ကူတဲ့ ဝန်ဆောင်မှုပဲဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ ဒီဝန်ဆောင်မှုကိုအသုံးပြုဖို့အတွက် အူရီဒူးကို ထပ်မံပြီးဝန်ဆောင်ခ ပေးစရာမလိုဘဲ အခွင့်ထူးခံစားနိုင်မှာ ဖြစ်ပါတယ်။” ဟု အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က ပြောကြားခဲ့သည်။

         

Comments