Easy Microfinance မှဝန်ဆောင်မှုရယူထားသော လက်ရှိအသင်းသား များ Ongo ခေတ်သစ်ငွေကြေး၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို အသုံးပြုပြီး ၎င်းတို့၏ ချေးငွေများကို လုံခြုံလွယ်ကူစွာ ပြန်လည်ပေးချေနိုင်ပြီ


မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကြား ဒစ်ဂျစ်တယ်ငွေပေးချေရေးဝန်ဆောင်မှု ပေးလျက်ရှိနေသည့်  Ongo မှ ယနေ့တွင် ၎င်းတို့၏ အကျိုးတူစီးပွားဖက် အသစ် Easy Microfinance နှင့် လက်တွဲသွားမည့်အကြောင်းကို ကြေညာခဲ့သည်။
နိုင်ငံအတွင်း အမေရိကန်ဒေါ်လာ (၁၄.၂) သန်းပမာဏ ရင်းနှီး မြှပ်နှံထားသည့်အပြင် အကောင်းဆုံးသော အသေးစားငွေရေးကြေးရေးလုပ်ငန်းများအနက်မှ တစ်ခုအဖြစ်ဂုဏ်ယူစွာ ရပ်တည်နေသော Easy Microfinance သည် လတ်တလောတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး (၆) ခု၌ ရုံးခွဲပေါင်း (၁၆) ခုဖွင့်လှစ်ထားပြီး ဝန်ဆောင်မှုရယူထားသော လက်ရှိအသင်းသား (၁၃၀,၀၀၀) ကျော်အား အဆင်ပြေစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Easy Microfinance မှ ဝန်ဆောင်မှုရယူထားသော အသင်းသားများသည် Ongo ၏ ပံ့ပိုးမှုဖြင့် ယခုဆိုလျှင် လွယ်ကူရိုးရှင်းစွာအသုံးပြုနိုင်မှု၊ အဆင်ပြေပြေ ချေးငွေပြန်လည်ပေးသွင်းနိုင်မှု အစရှိသော ဝန်ဆောင်မှုများဖြစ်ကြသည့် Ongo ၏ အကျိုးရလဒ်များကို ရရှိခံစားနိုင်မည်ဟုသိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ တရားဝင်လုပ်ငန်းလိုင်စင်ရရှိထားပြီး အောက်တိုဘာလ၊ ၂၀၁၆ ခုနှစ်မှစတင်ကာ လုပ်ငန်း လည်ပတ်ခဲ့သည့် Easy Microfinance သည် မြန်မာကျပ်ငွေ (၁၂၄) ဘီလီလျံကျော် တန်ဖိုးရှိသော ချေးငွေပေါင်း (၃၁၅,၀၀၀) ကျော်ကို မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထုတ်ချေး ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်၊
အကျိုးတူပူးပေါင်းဆောင်ရွက်မှုများမှတဆင့် Ongo သည် လက်ရှိတွင် မြန်မာနိုင်ငံ၌ ချေးငွေဝန်ဆောင်မှုရယူသူများ၏ ၂၅ % ကျော်ကို ဝန်ဆောင်မှုပေးနေသည့် အဓိကအသေးစားငွေရေးကြေးရေးလုပ်ငန်း (၁၃) ခုအတွက် ချေးငွေ ပြန်လည်ပေးသွင်းနိုင်သည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို ထောက်ပံ့ပေးလျက်ရှိပြီး ၎င်းဝန်ဆောင်မှုများသည် ချေးငွေပြန်လည်ပေးသွင်းရာတွင် ဝန်ဆောင်မှုရယူသူတို့အနေနှင့် အဆင်ပြေပြေ လွယ်လွယ်ကူကူပေးဆောင်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်ဟုသိရသည်။
 “Easy Microfinance ရဲ့ ဝန်ဆောင်မှုတွေကို အမြဲရယူနေကြတဲ့ ပြည်သူတွေအတွက် ရိုးရှင်းပြီးအချိန်ကုန်သက်သာ စေမယ့် ချေးငွေပြန်လည်ပေးသွင်းမှုစနစ်တွေကို အသုံးပြုနိုင်အောင်လုပ်ပေးတဲ့နေရာမှာ အတူတကွပါဝင်ခွင့်ရတာ ဝမ်းမြောက်ဂုဏ်ယူစရာပါဘဲ။ Easy ရဲ့  ပွင့်လင်းမြင်သာမှု၊ အငြင်းပွားမှုကင်းတဲ့ ဝန်ဆောင်မှုနဲ့ ဆောင်ရွက်မှုတွေ အပေါ် အဓိကထားတဲ့အချက်ကို အသုံးပြုသူတိုင်း လုံခြုံမှု၊ ရိုးရှင်းမှုနဲ့ အဆင်ပြေမှုတွေရှိအောင် ပံ့ပိုးပေးတဲ့ ကျွန်တော်တို့ Ongo က ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အားဖြည့်သွားမှာဖြစ်ပါတယ်။“ ဟု Ongo  အမှုဆောင်အရာရှိချုပ်ဖြစ်သူ Allen Gilstrap မှ ပြောကြားခဲ့သည်။
ယခု အကျိုးတူပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးပိုင်းကဏ္ဍကို အဆင့်မြှင့်တင်ရာတွင် အရေး ပါသော ခြေလှမ်းတစ်ခုဖြစ်သကဲ့သို့ Easy Microfinance ၏ ဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်မည့် လမ်းစအား လည်း ပိုမိုချဲ့ထွင်ပေးမည်ဖြစ်သည်။ “ Ongo နဲ့ အကျိုးတူပူးပေါင်းခြင်းဟာ ကျွန်တော်တို့ရဲ့ ချေးငွေဝန်ဆောင်မှု ရယူသူတွေ ချေးငွေပြန်လည်ပေးသွင်းရာမှာ Ongo ကိုယ်စားလှယ်များကနေသော်လည်းကောင်း၊ Ongo မိုဘိုင်း အယ်ပလီကေးရှင်းမှသော်လည်းကောင်း ပေးဆောင်နိုင်မယ့် နည်းလမ်းတစ်ခုကို  ယူဆောင်လာပါတယ်။ ဒီဝန်ဆောင် မှုကိုရယူတဲ့ အသင်းသားတွေဟာ ချေးငွေပြန်လည်ပေးသွင်းဖို့အတွက် Easy Microfinance  ရဲ့ ရုံးခွဲများထံလာ ရောက်ရမည့် အချိန်၊ ငွေကြေးတွေကို လျှော့ချနိုင်မှာဖြစ်ပြီး  Ongo မှတစ်ဆင့် ငွေပေးသွင်းမှုတော်တော်များများကို ပြုလုပ်နိုင်မယ်ဆိုရင် တစ်ချိန်တည်းမှာပဲ ရုံးခွဲကို လာရောက်တဲ့အသင်းသားတွေကိုလည်း ပိုမိုလျှင်မြန်စွာ ဝန်ဆောင်မှု ပေးလာနိုင်မှာဖြစ်ပါတယ်။’ ဟု Easy Microfinance မှ စီမံခန့်ခွဲမှုဒါရိုက်တာ Mr. Frank Snieders မှ ပြောကြားခဲ့သည်။
Ongo ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုကို စတင်ရယူလိုက်သည်နှင့်  Easy Microfinance ၏ ဝန်ဆောင်မှုရယူသူများ သည် Ongo စမတ်ဖုန်း app မှသော်လည်းကောင်း၊ Ongo ကိုယ်စားလှယ်များထံတွင်လည်းကောင်း ၎င်းတို့၏ ချေးငွေများကို လွယ်ကူစွာ၊ ရိုးရှင်းစွာဖြင့် ကိုယ်တိုင်ကိုယ်ကျ ပေးချေနိုင်မည်ဖြစ်သည်။ Ongo ၏ မိုဘိုင်း mobile wallet အကောင့်များကို မြန်မာ့ဗဟိုဘဏ်အောက်ရှိ မိုဘိုင်းဘဏ်စနစ်လိုင်စင်၏ ညွှန်ကြားချက်အရ မြန်မာ အရှေ့တိုင်းဘဏ်မှတဆင့် ထိန်းသိမ်းစောင့်ကြည့်ထားသဖြင့် ဝန်ဆောင်မှုရယူသူများသည် မည်သည့်ဘဏ်ခွဲတစ်ခုမျှ သွားရောက်ရန်မလိုအပ်ဘဲ ဘဏ်မှ စနစ်တကျထိန်းသိမ်းထားသည့် လုံခြံမှုအတိုင်း ရရှိနိုင်သည်ဖြစ်ကြောင်းသိရသည်။

Comments