Danisaရဲ့ဒုတိယအကြိမ်သိန်းနှစ်ရာကျော်ကံစမ်းမဲဆုများမဲဖောက်ရွေးချယ်ခြင်းအခမ်းအနားကိုသြဂုတ်လ၃၁ရက်နေ့ကရန်ကုန်မြို့Myanmar Distribution Groupရုံးချုပ်တွင်ပြုလုပ်ခဲ့သည်။
ဇွန်လနှင်ဇူလိုင်လများတွင်Danisaစားသုံးသူများအတွက်စီစဉ်ပေးခဲ့သည့်ကံစမ်းမဲအစီအစဉ်အရDanisaဗူးများမှရရှိသည့်ကူပွန်များကိုမဲနှိုက်ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။
တန်ဖိုး ကျပ်သိန်း ၂၀၀ ရှိသောဆုမဲပေါင်းအစုံတွင် TV ၊ ရေခဲသေတ္တာ ၊ လက်တောပ့် ၊ တက်ဘလက် ၊ စမတ်ဖုန်း ၊ ကျပ်တစ်သောင်း တန် ငွေဖြည့်ကဒ် များ အခြားသော ဆုမဲပေါင်း များစွာပါ ဝင် ကြောင်း MDG ၏ တာဝန်ရှိ သူများ မှ ပြောကြားခဲ့သည် ။
ဆုမဲပေါက်သည့် Danisa ကွတ်ကီး အားပေးသူ များအား MDG ၏ ပေ့စ်တွင် လည်းကောင်း ၊ဖုန်းဖြင့် လည်းကောင်း ဆက်သွယ် အကြောင်းကြား ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှား နိုင်ငံ မှထုတ်လုပ်သည့်Danisa ကွတ်ကီး မုန့်ဗူး များအား ဒိန်းမတ် ၊ စင်ကာပူ ၊ ဗီယက်နမ် ၊ မလေးရှား ၊ ဖီလစ်ပိုင် အစရှိသည့် နိုင်ငံ များတွင်လည်းရောင်းချလျှက်ရှိပြီးယခင်ကပြည်ပရောက်သူများမှပြည်တွင်းပြန်လက်ဆောင်အဖြစ်လူသိများသည့်မုန့်တစ်မျိုးဖြစ်ရာလက်ရှိချိန်မှာတော့မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ်အတွက် MDG group Co.Ltdမှတာဝန်ယူဖြန့်ချီလျှက်ရှိကြောင်းသိရသည်။
Comments
Post a Comment