(ရန်ကုန်မြို့ပတ် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း) City Transitစက်တင်ဘာ ၂၃ ရက်တွင် စတင်ပြေးဆွဲမည်

City Transit (ရန်ကုန်မြို့ပတ် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း)ကို စက်တင်ဘာ ၂၃ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်မြို့ပတ်ခရီးသည်ပို့ ဆောင်ရေး(City Transit )ယာဉ်လိုင်းကို စက်တင်ဘာ ၂၃ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး ထိုယာဉ်လိုင်းသည် အောင်မင်္ဂလာ အဝေးပြေး-သုဓမ္မာလမ်း-ကမ္ဘာအေး ဘုရားလမ်း-ပါရမီလမ်း-သံသုမာလမ်း-သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-သုဝဏ္ဏလမ်းဆုံ-အထက်ပုဇွန်တောင်လမ်း-ဗိုလ်တထောင်ဘုရားလမ်း-ကမ်းနားလမ်း-သခင်မြပန်းခြံ-ကြည့်မြင်တိုင်ကမ်းနားလမ်း-ဘုရင့်နောင်လမ်း-အောက်မင်္ဂလာဒုံလမ်း-ခရေပင်လမ်းခွဲ-အမှတ်(၃)လမ်းဆုံ မှ အောင်မင်္ဂလာအဝေးပြေးအထိ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

““ရန်ကုန်မြို့ပတ် ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းကို စက်တင်ဘာ ၂၃ ရက်မှာ အစီး ၂၀ နဲ့ အောင်မင်္ဂလာအဝေးပြေးကနေ လမ်းကြောင်းနှစ်ခုခွဲပြီး စတင်ပြေး ဆွဲမှာ ဖြစ်ပါတယ်၊ ဒီကားတွေက တံခါး ၃ ပေါက်ပါတဲ့ Scania ကားတွေဖြစ်သလို မသန်စွမ်းသူ တွေလည်း စီးနင်းလို့ရမယ့်ကား ဖြစ်ပါတယ်၊ ယာဉ်စီးခကို ခရီးစဉ်တစ်ပိုင်း ၅၀၀ ကျပ် ကောက်ခံမှာဖြစ်ပြီး မြို့တစ်ပတ်ကို ၁၀၀၀ ကျပ် ကောက်ခံမှာ ဖြစ်ပါ တယ်””ဟုYRTAတွဲဖက်အတွင်း ရေးမှူး ဦးလှအောင်က ဆိုသည်။

အောင်မင်္ဂလာ အဝေးပြေး ဂိတ်ကို အခြေပြုပြေးဆွဲမည့်ရန်ကုန် မြို့ပတ်ခရီးသည် ပို့ဆောင်ရေး ယာဉ် လိုင်းကို အောက်တိုဘာလတွင် စီးနင်းသူလိုအက်ချက်အပေါ်မူတည်၍ အစီးရေ၃၉ စီးအထိ တိုးမြင့်ပြေး ဆွဲမည်ဖြစ်သည်။



Comments