CB Bank နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းလက်မှတ်ရေးထိုး

CB Bank နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ပူပေါင်း၍ မြို့တော်စည်ပင် အခွန်အခများအား YCB Payment Gateway အသုံးပြုကာ အများပြည်သူများ လွယ်လင့်တကူ ပေးချေနိုင်ရန် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူညီလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရန်ကုန်မြို့တော်ဘဏ် ရုံးချုပ်၌ ပြုလုပ်ခဲ့သည်။

CB Bank ၏ CB Pay ၊ internet Banking ၊ တို့ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ပေးသွင်းရသောအခွန်အခပြေစာများကို လွယ်ကူအဆင်ပြေစွာ ပေးချေနိုင်‌တော့မည်ဖြစ်ကြောင်းသိရသည်။

Comments