မြမြရုပ်ရှင်ဇာတ်ကားအတွက်မုဒိန်းသမားအဖြစ်လျှေက်ထားသူ၁၀၀ကျော်မှလူကြမ်း၃ ယောက်ရွေးချယ်ခဲ့

မြမြရုပ်ရှင်ဇာတ်ကားအတွက်မုဒိန်းသမားအဖြစ်လျှောက်ထားသူ၁၀၀ကျော်မှလူကြမ်း၃ယောက်ကိုရွေးချယ်ပြီးစီးခဲ့ကြောင်းသိရသည်။

လူကြမ်းသရုပ်ဆောင်သစ် ရွေးချယ်ပွဲ
ကန်တော်ကြီးဥယျာဉ် မျှော်စင်ကျွန်း၌စက်တင်ဘာ၈ရက် မနက်၉နာရီချိန်မှညနေ၃နာရီခ်ျန်ထိ ပြုလုပ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ယက်တွင်နာမ်မည်ကြီးခဲ့သောမြမြ ၏ ရင်နင့်ဘွယ်ဖြစ်ရပ်မှန်ကို ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးမှဒါရိုက်တာညိုမင်းလွင်ကရိုက်ကူးသွားမည်ဖြစ်ပြီးမြမြနေရာတွင်သရုပ်ဆောင်သင်ဇာဝင့်ကျော်မှသရုပ်ဆောင်သွားမည်ဖြစ်သည့်အတွက်မြမြအားမုဒိန်းကျင့်သည့်လူကြမ်းများနေရာကိုလည်းပရိတ်သတ်အများစုမှစိတ်ဝင်စားမှုမြင့်တက်လျှက်ရှိသည်။

မြမြရုပ်ရှင်ဇာတ်ကားအတွက်မုဒိန်းသမား အဖြစ် သရုပ်ဆောင်မည့် လူကြမ်းနေရာတွင်လျှောက်ထားသူ ၁၀၀ကျော်မှ၃ဦးအားစီစစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

" ဒါဟာ လူကြမ်းသရုပ်ဆောင်အဖြစ်
ရွေးချယ်တဲ့ ပထမဦးဆုံးပွဲပါ၊သူတို့သုံးယောက်က မင်းသား၊မင်သမီးဖြစ်ချင်လို့်ပေါ်ပြူလာဖြစ်ချင်လို့ ဆိုတဲ့ရုပ်ရှင်လောကကိုရည်ရွယ်ချက်အမျိုးမျိုးနဲ့ဝင်လာတဲ့သရုပ်ဆောင်တွေထဲမှာ လူကြမ်းသရုပ်ဆောင်ဖြစမချင်လို့ဆိုတဲ့ရဲရဲဝံ့ဝံ့နဲ့ဝင်လာကြတဲ့သူတွေဖြစ်ပါတယ်၊
ရွေးချယ်ပွဲက ကျေနပ်စရာကောင်းပါတယ်၊ တကယ် အရည်အချင်းရှိတဲ့ သူတွေနဲ့ အဆုံးသတ်ဖြစ်သွားတယ်ရွေးချယ်ဖြစ်တာကလည်း အဓိကကတော့ ကိုယ်ရိုက်စေချင်တဲ့ ပုံစံအတိုင်း ဘာမှမစဉ်းစားပဲ ရိုက်မယ်ကွာ ၊ ချမယ်ကွာဆိုတဲ့ သူမျိုးကို လိုချင်တာပါ။ အဲဒါကြောင့် အသစ်တွေကို အခွင့်အရေးပေးလိုက်တာ အဓိပ္ပါယ်ရှိတယ်လို့ မြင်ပြီး ဆုံးဖြတ်လိုက်တာပါ"ဟု ဒါရိုက်တာ ညိုမင်းလွင်ကပြောသည်။

ဇာတ်လမ်းအား မိုးအကုန် အောက်တိုဘာလထဲတွင်စတင်ရိုက်ကူးမှာဖြစ်ပြီးလူကြမ်းအဖြစ်ပြိုင်ပွဲဝင်များမှရခိုင်ပြည်နယ်ကချင်ပြည်နယ်နှင့်မန္တလေးတို့မှပြိုင်ပွဲဝင်များမှအသီးသီးရရှိခဲ့ကြောင်းသိရသည်။



Comments