ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးအားကစားဆပ်ကော်မတီဥက္ကဌဖလားအမျိုးသမီးကိုယ်ကာယကြံခိုင်မှုပြိုင်ပွဲကျင်းပ



ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးအားကစားဆပ်ကော်မတီဥက္ကဌဖလားအမျိုးသမီးကိုယ်ကာယကြံခိုင်မှုပြိုင်ပွဲကိုစက်တင်ဘာလ၇ရက်နေ့ညနေပိုင်းကရန်ကုန်မြို့ရှုခင်းသာရှိwaterboomတွင်ပြုလုပ်ခဲ့သည်။
ယခုပြိုင်ပွဲကိုရန်ကုန်တိုင်းဒေသကြီးအတွက်ကျန်းမာကြံ့ခိုင်သောအမျိုးသမီးထုပေါ်ထွက်လာစေရန်တိုင်းဂုဏ်ဆောင်နိုင်ငံဂုဏ်ဆောင်အမျိုးသမီးအားကစားသမားမျိုးဆက်သစ်များပေါ်ထွက်လာစေရန်ဦးတည်ချက်ရည်ရွယ်ချက်များဖြင့်အမျိုးသမီးအားကစားနှင့်သက်ဆိုင်သောပြိုင်ပွဲများကိုနှစ်စဉ်ပြုလုပ်သွားရန်ရည်မှန်းချက်များဖြင့်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးလေးခရိုင်မှာရှိတဲ့ကျန်းမာကြံခိုင်သန်စွမ်းတဲ့အမျိုးသမီးတွေကိုရွေးချယ်ဖိတ်ခေါ်ပြိုင်ပွဲကြီးပြုလုပ်ရခြင်းဖြစ်ပါတယ်အခုဒီကနေရွေးချယ်လိုက်တဲ့ပထမဆုနဲ့ဒုတိယဆုနှစ်ယောက်ကိုcampသွင်းပြီးတိုင်းနဲ့ပြည်နယ်ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်"ဟုရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးအားကစားဆပ်ကော်မတီဥက္ကဌဒေါ်မာလာဝင်းကပြောသည်။
အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုပြိုင်ပွဲသို့ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြိုင်ပွဲဝင်အမျိုးသမီး၁၇ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးပထမနှင့်ဒုတိယဆုရရှိသူများကိုငွေသားဆုများနှင့်အခြားသောလက်ဆောင်များပေးအပ်ခဲ့သည့်အပြင်အခြားသောပြိုင်ပွဲဝင်များကိုလည်းအသီးသီးနှစ်သိမ့်ဆုများပေးအပ်ခဲ့သည်။

Comments