ဗိုလ်ဗထူးတန်ဖိုးမျှအိမ်ရာ(၁)အတွင်းမှထရမ်စဖော်မာကိုအိမ်ရာ(၂မှ)လာရောက်သွယ်တန်းခြင်းအပေါ်အိမ်ယာနေပြည်သူများမှကန့်ကွက်
ဗိုလ်ဗထူးတန်ဖိုးမျှအိမ်ရာ(၁)အတွင်းမှထရမ်စဖော်မာအိမ်ရာ(၂)မှလာရောက်သွယ်တန်းခြင်းအပေါ်အိမ်ယာနေပြည်သူများမှကန့်ကွက်ကြောင်းရန်ကုန်တိုင်းဒေသကြီးမြို့တော်စည်ပင်သာယာရေးအဖွဲ့လျှပ်စစ်ဌာနမှတာဝန်ရှိသူများနှင့်ဗိုလ်ဗထူးအိမ်ရာနေပြည်သူများတွေ့ဆုံပွဲတွင်အိမ်ရာနေပြည်သူများပြောကြားချက်အရသိရသည်။
စက်တင်ဘာလ၂၁ရက်နေ့ကဗိုလ်ဗထူးအိမ်ရာရှိအိမ်ရာဓမ္မာရုံတွင်ယခုတွေ့ဆုံပွဲကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်မြောက်ပိုင်း(၄၈)ရပ်ကွက်ရှိ
ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်းမှာရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကြီး ကြပ်မှုဖြင့် Myanmar V-Pile Co., Ltd မှ ဆောင်ရွက်သည့်တန်ဖိုးမျှအိမ်ရာစီမံကိန်းဖြစ်ပြီးအခန်းပေါင်း၄၄၈ခန်းရှိသည်။
ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်းမှာရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကြီး ကြပ်မှုဖြင့် Myanmar V-Pile Co., Ltd မှ ဆောင်ရွက်သည့်တန်ဖိုးမျှအိမ်ရာစီမံကိန်းဖြစ်ပြီးအခန်းပေါင်း၄၄၈ခန်းရှိသည်။
အဆိုပါ လျှပ်စစ်သွယ်တန်းခြင်းကို စက်တင်ဘာလ ၁၃ ရက်နေ့ည ၉နာရီက စတင်လာရောက်သွယ်တန်းခဲ့ခြင်းဖြစ်ကြောင်းအိမ်ရာသာယာရေးကော်မတီမှသိရသည်။
"ကျွန်တော်တို့်ဗိုလ်ဗထူးအိမ်ရာ၁မှာရှိတဲ့ထရမ်စဖော်မာကိုအိမ်ရာ၂ကိုအကြောင်းကြားခြင်းသတင်းပို့ခြင်းစာရွက်စာတမ်းပေးပို့ခြင်းလုံးဝမရှိပဲနဲ့ခြံစည်းရိုးဖောက်ပြီးလာသွယ်တော့ကျွန်တော်တို့ကဘယ်သူ့ခွင့်ပြုမိန့်နဲ့လဲဆိုတော့စည်ပင်သာယာကခွင့်ပြုမိန့်နဲ့လို့ပြောပါတယ်ကျွန်တော်တို့ဒီအိမ်ရာကိုစဝယ်ကတည်းကကိုယ်ပိုင်ဓာတ်လှေခါးကိုယ်ပိုင်ကားပါကင်ထရမ်စဖော်မာအစုအစည်းနဲ့နေချင်လို့ဒီအိမ်ရာကိုတန်ရာတန်ကြေးနဲ့အစိုးရသတ်မှတ်ထားတဲ့ဈေးကိုသွင်းပြီးနေတာ
ကုမ္ပဏီဘက်က အကြောင်းကြားတာ မျိုး ခွင့်တောင်းတာမျိုးမလုပ်ပဲ ညဘက်ကြီး ခြံစည်းရိုးကိုဖောက်ပြီး လာလုပ်ကြတယ် ဒီ ကိစ္စနဲ့ပတ်သတ်ပြီး ခိုင်မာတဲ့ သက်သေအထောက်ထားမပြာနိုင်ပဲ YESCနဲ့ ရှင်းလို့ သူတို့ဘက်ကပြောတယ် ဒါကိုကျွန်တော်တို့ဘက်ကလက်မခံနိုင်ဘူး”ဟု ဗိုလ်ဗထူးအိမ်ရာကြီးကြပ်ရေးကော်မတီအတွင်းရေးမှုး ဦးမြင့်ဇော်မျိုးက ပြောဆိုသည်။

အဆိုပါ လက်ရှိတွင်အိမ်ရာအတွင်း၌ထရမ်စဖော်မာလေးလုံးရှိပြီးအိမ်ရာအတွင်းအခန်း၄၄၈ခန်းမှ၄၁၉ခန်းနေပြည်တစ်ထောင်ကျော်ကိုလျှပ်စစ်မီးပေးနေပြီးထရမ်စဖော်မာတစ်လုံးလျှင်ကာလတန်ဖိုးတစ်ထောင်ခန့်တန်ဖိုးရှိကြောင်းသိရသည်။
ယနေ့တွေ့ဆုံဆွေးနွေးမှုတွင်စည်ပင်သာယာမှတာဝန်ရှိသူများမှ လျှပ်စစ်မီးသွယ်တန်းမှုကိစ္စသည် YESCနှင့်သာ သက်ဆိုင်သည့်အတွက် စည်ပင်သာယာဘက်မှ တင်ပြမှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပြီး သတင်းမီဒီယာ၏ သီးသန့်မေးမြန်းခြင်းကို ပြန်လည်ဖြေကြားမှုမလုပ်နိုင်ကြောင်းစည်ပင်သာယာမှ ပြန်လည်ပြောကြားခဲ့သည်။
လျှပ်စစ်မီးသွယ်တန်းမှုကိစ္စသည် YESCနှင့်သာ သက်ဆိုင်သည့်အတွက် စည်ပင်သာယာဘက်မှ တင်ပြမှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပြီး သတင်းမီဒီယာ၏ သီးသန့်မေးမြန်းခြင်းကို ပြန်လည်ဖြေကြားမှုမလုပ်နိုင်ကြောင်းစည်ပင်သာယာမှ ပြန်လည်ပြောကြားခဲ့သည်။
Comments
Post a Comment