စကော့တလန်နိုင်ငံမှပညာရှင်မှဈေးကွက်အတွင်းရှိစကော့ဝီစကီများနှင့်ပတ်သတ်၍အသိပညာပေးပွဲပြုလုပ်

စကော့တလန်နိုင်ငံမှပညာရှင်Stuart Harveyမှပြည်တွင်းဈေးကွက်အတွင်းရှစကော့ဝီစကီများနှင့်ပတ်သတ်သည့်ပညာပေးအစီအစဉ်ကိုရန်ကုန်ုမြို့ဆူးလေရှန်ဂရီလာဟိုတယ်တွင်စက်တင်ဘာလ၂၅ရက်နေ့ညနေပိုင်းကပြုလုပ်ခဲ့သည်။

Stuart Harveyမှာစကော့တလန်နိုင်မှကျွမ်းကျင်သောစကော့ဝီစကီဖျော်စပ်ပညာရှင်တစ်ဦးဖြစ်ပြီး
စားသုံးသူများထံသို့ပညာပေးအစီအစဉ်ကိုပထမအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်အတွင်းသို့ရောက်ရှိနေသောစကော့ဝီစကီများစွာရှိသော်လည်းတရာဝင်တင်သွင်းရောင်ချခွင့်ရရှိသည့်စကော့ဝီစကီမှာMac Arthur's Blended Scotch Whiskyတစ်မျိုးသာရှိကြောင်းသိရသည်။

ပညာပေးအစီအစဉ်တွင်စကော့ဝီစကီများပေါ်ပေါက်လာပုံထုတ်လုပ်မှုအဆင့်ဆင့်စံချိန်စံညွှန်းသတ်မှတ်ချက်များပြည်တွင်းသို့တင်သွင်းမှုပြည်တွင်း၌ဖြန့်ချီသည့်အကြောင်းအရာများကိုစားသုံးသူများသိရှိရန်ပညာပေးပြောကြားခဲ့သည်။

ဝိုင်တင်သွင်းကိုသာတရာဝင်တင်သွင်းခွင့်ပြုထားပြီးနိုင်ငံခြားအရက်များတင်သွင်းခွင့်ကိုခွင့်ပြုထားခြင်းမရှိသော်လည်းပြည်တွင်းသို့တရားမဝင်ရောက်ရှိလာသည့်နိုင်ငံခြားအရင်များကိုအလွယ်တကူဝယ်ယူနိုင်သည့်အခြေအနေဖြစ်၍တရာဝင်အခွန်ဆောင်လုပ်ကိုင်နေသူများတွင်ခက်ခဲမှုများရှိနေတယ်လို့လည်းပြည်တွင်းလုပ်ငန်းရှင်များထံမှသိရသည်။

လက်ရှိပြည်တွင်း၌တရာဝင်ရောင်းချခွင့်ရသည့်စကော့ဝီစကီမှာစကော့တလန်နိုင်ငံInver House Distillers'တွင်ချက်လုပ်ပြီးနှစ်ချို့ခံကာမြန်မာပြည်တွင်းသို့သယ်ဆောင်၍ပြည်တွင်း၌ပုလင်းသွင်းထုတ်လုပ်နေခြင်းဖြစ်ကြောင်းသိရသည်





Comments