(၉ )ကြိမ်မြောက် သက်ကြီးလူရွှင်တော်ကြီးများပူဇော်ကန်တော့ပွဲကိုစက်တင်ဘာလ၉ရက်နေ့ကရန်ကုန်မြို့ကျိုက္ကဆံဘုရားဝင်းအနောက်ဘက်မုခ်ဓမ္မာရုံတွင် ကျင်းပသည့်ပြုလုပ်ခဲ့သည်။
သက်ကြီးလူရွှင်တော်ကြီးများကိုပူဇော်ကန်တော့ပွဲကိုမြန်မာနိုင်ငံလူရွှင်တော်အသင်း(ရန်ကုန်)မှဦးစီးကျင်းပခြင်ုးဖစ်ပြီးပူဇော်ကန်တော့ပွဲတွင်အသက်အရွယ်ကြီးမြင့်သည့်လူရွှင်တော်ကြီး(၅၂)ဦးတစ်ဦးလျှင်သုံးသိန်းပုဆိုးနှင့်ဆေးဝါးများဖြင့်ပူဇော်ကန်တော့ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံလူရွှင်တော်အသင်း(ရန်ကုန်)မှ အသင်းသားများမှနွေရာသီပွဲ ကာလတွင်းပွဲကချိန်များတွင်သက်ကြီးလူရွှင်တော်များအားကန်တော့ရန်အလှုငွေများကောက်ခံခဲ့ကြပြီးသက်ကြီးလူရွှင်တော်များကိုကန်တော့ရန်ရန်ပုံငွေဘောလုံးပွဲများနှင့်လှုရွှင်တော်များ၏လှူဒါန်းမှုများအပြင်စေတနာထက်သန်သည့်အလှူရှင်များ၏လှူဒါန်းမှုများကိုစုပေါင်း၍လိုအပ်သည်များကိုအသင်းမှထပ်မံဖြည့်၍ကန်တော့ခဲ့ကြခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံလူရွှင်တော်အသင်း(ရန်ကုန်)ဥက္ကဌဦးဒိန်းဒေါင်ကပြောခဲ့သည်။
ယခင်ကသက်ကြီး လူရွှင်တော်ကြီးများအား တစ်ဦးလျှင် ငွေကျပ် ငါးသိန်းနှုန်းဖြင့် အလှူငွေ ပေးအပ် ခဲ့သော် လည်း ယခုအချိန်တွင် အလှူငွေရရှိ မှုနည်းပါးလာသည့် အခြေအနေများကြောင့် ယခုနှစ်တွင် သက်ကြီး လူရွှင်တော် တစ်ဦးလျှင်ငွေကျပ် သုံးသိန်းနှုန်းဖြင့်သာ ပူဇော်ကန်တော့နိုင်တော့ကြောင်း သိရသည်။
Comments
Post a Comment