ဘုရင့်နောင်တံတားအမှတ်၁ကိုတစ်လခန့်ပိတ်မည်ဖြစ်ကြောင်တံတားပြုပြင်ရေးအစည်းအဝေးသို့တက်ရောက်ခဲ့သည့်လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။
အမှတ် ၁ တံတားသည် လှိုင်သာယာနှင်ရန်ကုန်မြို့ရှိ ဘုရင်နောင် သို့သွားလာရန်အသုံးပြုလျက်ရှိသည့်တံတားဖြစ်ပြီး ယခုတံတားနှင့်ပတ်သတ်သည့်အစည်းအဝေးကိုစက်တင်ဘာလ ၁၈ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန၊( မြို့ပြ )၊ တံတားအထူးအဖွဲ့ ၁၀ ၊ စည်ပင်သာယာ လမ်းတံတား၊ လမ်းဦးစီး၊ မြို့နယ်ထွေအုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ YRTA၊ ကွန်တိန်နာအသင်း တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း တို့ တက်ရောက်ဆွေးနွေးကြခဲ့ကြခြင်းဖြစ်သည်။
ဘုရင့်နောင်တံတားအမှတ်၁ကိုအောက်တိုဘာ ၅ရက်နေ့မှနိုဝင်ဘာ၎ရက်နေ့ထိပိတ်မည်ဖြစ်ပြီးတံတာရေလယ်တိုင်များ အကြီးစားပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရန် တွက် တံတားကိုပိတ်ခြင်းဖြစ်ကြောင်းသိရသည်၊
"ဒီတံတားပိတ်လိုက်တဲ့အတွက် ကားကြီးတွေတော့သိပ်မထိခိုက်ဘူး ။ကားကြီးတွေကိုအရင်ကတည်းကသွားခွင့်မပေးထားတော့ စက်မှုဇုန်အလုပ်သမားနဲ့ ယာဉ်ငယ်တွေတော့မနက်ပိုင်းနဲ့ညနေပိုင်း ကားပိတ်မှုတွေဖြစ်ပေါ်သွားနိုင်တယ်”ဟုမြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း (MHFTSA) ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောသည်။
တံတားပြုပြင်နေစဉ်ကာလအတွင်းယာဉ်အားလုံးကို အမှတ်၂တံတားဘက်မှသာ သွားလာခွင့်ပြုသွားမည်ဖြစ်ပြီးဘုရင်နောင်တံတား အမှတ် ၂ ပေါ်တွင် သမိုင်းဘက်သို့သွားသည့် လမ်းကိုယခင်ပိတ်ထားသော်လည်းအမှတ် ၁ တံတားပြုပြင်နေစဉ် ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်စေရန်ဖွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။
ဘုရင့်နောင်အမှတ်၁တံတားကို ၁၉၉၁ခုနှစ်ဝန်ကျင်းခန့်ကဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီးတံတားပြုပြင်ခြင်းတွင်တစ်ဖက်တစ်လမ်းသွားမှတစ်ဖက်နှစ်လမ်းသွားအဖြစ်ပြုပြင်ခြင်းကိုပါလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
Comments
Post a Comment