ရန်ကုန်မြို့သစ်စီမံကိန်း၏ဒါရိုက်တာဘုတ်အဖွဲ့ဝင် များကိုအသစ်ပြင်ဆင်ဖွဲ့စည်း


ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ရန်တာဝန်ယူထားသည့်NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေဖြင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်များပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်းယခုလ၄ရက်နေ့ညနေပိုင်းNYDC၏ထုတ်ပြန်ချက်အရသိရသည်။
NYDC ၏အသစ်ပြင်ဆင်ဖွဲ့စည်းချက်အရဒါရိုက်တာဘုတ်အဖွဲ့ဝင်သစ်များမှာဝန်ကြီးဒေါ်နီလာကျော်အစား ဥက္ကဋ္ဌအဖြစ် ရန်ကုန်ဒုမြို့တော်ဝန် ဦးစိုးလွင်နဲ့ ဝန်ကြီးဦးဟံထွန်းနေရာတွင် ဒါရိုက်တာအဖြစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့ ဖြစ်ကြောင်းသိရသည်။
NYDC ကိုယ်စား ဝန်ကြီးဒေါ်နီလာကျော်နှင့် ဝန်ကြီးဦးဟံထွန်းတို့ကို ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့အချိန်များတွင်စီမံကိန်းတိုးတက်ရေးအတွက် အဘက်ဘက်က အားထုတ်မှုများဆွေးနွေးအကြံပေးမှုများအတွက်လည်းကျေးဇူးတင်ကြောင်းနှင့်ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်များ၏ အတွေ့အကြုံနများနှင့်ကျွမ်းကျင်မှုတွေကိုရယူ၍ရန်ကုန်မြို့သစ်ပထမအဆင့်ဖွံဖြိုးရေး လုပ်ငန်းများတွင်အထောက်အကူဖြစ်ရန်ယုံကြည်ကြောင်းNYDCမှCEOဦးသိမ်းဝေကပြောသည်။
"ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ မြန်မာနိုင်ငံမှာ ကုန်ထုတ်စက်ရုံတွေ ရွှေ့ပြောင်းတည်ဆောက်ဖို့ လာရောက်စုံစမ်းတဲ့ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူတွေ တော်တော်များများရှိခဲ့ပါတယ်။ ဒါဟာကျွန်တော်တို့အတွက် စီးပွားရေးတိုးတက်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့နဲ့ ဆက်လက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အင်မတန်အရေးကြီးတဲ့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်"ဟု၎င်းကပြောကြားခဲ့သည်။
NYDCအနေဖြင့်လက်ရှိတွင်ကြုံတွေ့ရသောအဓိကပြဿနာ မှာထုတ်ကုန်စက်ရုံများ၏အစောတလျင် ရွှေ့ပြောင်းလုပ်ကိုင်လိုမှုဖြစ်၍ကုန်ထုတ်စက်ရုံများကိုနေရာချထားပေးနိုင်ရန်စက်မှုဇုန်ပထမအသုတ်ကို နိုင်ငံတကာစံနှုန်းတွေ၊ စည်းမျဉ်းတွေနဲ့အညီ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ အစီအစဉ်တစ်ခုရေးဆွဲနိုင်ဖို့ ပြင်ဆင်နေကြောင်းလည်းသိရသည်။

Comments