မိုးအေးအေးလေးမှာအဆွေးသီချင်းလေးတစ်ပုဒ်ပရိတ်သတ်ဆီပေးသွားမယ့်အဆိုတော်ဆုထက်လှိုင်


အိမ်မက်ဆုံရာမှထွက်ပေါ်လာတဲ့အဆိုတော်ဆုထက်လှိုင်ကတော့လက်ရှိမှာအဆွေးသီချင်းလေးတစ်ပုဒ်ကိုပရိတ်သတ်ဆီကိုပေးပို့ပြင်ဆင်နေတယ်လို့ပြောပါတယ်။
ပထမအခွေရှင်းသန့်လိပ်ပြာတေးအယ်ဘန်လ်ကိုထွက်ရှိပြီးတဲ့သူမအနေနဲ့မိုးတွင်းကာလဲဖြစ်လို့သီချင်းသွင်းတဲ့အလုပ်တွေကိုပဲလုပ်ဖြစ်နေပြီးတေးရေးဆရါအသစ်တစ်ဦးရဲ့အဆွေးသီချင်းလေးတစ်ပုဒ်ကိုစက်တင်ဘာလထဲမှာလိုင်းပေါ်တင်သွားမှာပါလို့ဆိုပါတယ်။
"အနုပညာကတော့ကိုယ်အရမ်းဝါသနာပါတဲ့အရာဖြစ်တော့မိုးတွင်းဆိုတော့သီချင်းသွင်းတာလေးတွေလုပ်ဖြစ်တာရှိတယ်အွန်လိုင်းပေါ်မှာသီချင်းအသစ်လေးတင်ဖို့ရှိတယ်mtvရိုက်ဖို့ရှိတယ်နောက်mrtv4ဇာတ်ကားလေးတွေရိုက်တယ်ဆိုတော့စီးရီးလေးတွေလဲtestingဝင်ထားတာလေးတွေလဲရှိတယ်နောက်စုထက်တို့Canal+ကနေရိုက်ထားတဲ့musical စီးရီးလေးလဲmrtv4ကနေဒီနှစ်ကုန်မှာလွှင့်မယ်ပေါ့နော်Canal+ကကျတော့အခလေးရုပ်သံလိုင်းဆိုတော့လူတိုင်းကမကြည့်ရဘူးmrtv4ကကျတော့freeလိုင်းဆိုတော့ညကျရင်လူတွေကအနားယူရင်းကြည့်ကြတယ်လေကိုယ့်ကားလေးပြန်လွှင့်မယ်ဆိုတော့ဝမ်းသာမိတယ်ပေါ့ကိုယ့်ကားလေးကိုနယ်ရောမြို့ရောကြည့်ကြမယ်ပေါ့အနုပညာလှုပ်ရှားမှုကတော့ခုနပြောသလိုမိုးတွင်းလွတ်လို့ပွင့်လင်းရာသီပြန်ရောက်ရင်များများဆိုဖြစ်မယ်အခုကတော့အဆွေးသီချင်းလေးမိုးတွင်းကိုအမှီထွက်ဖို့ရှိတယ်ဒီနှစ်ရက်နေ့သွင်းမှာဆိုတော့ဒီလထံမှာတင်နိုင်အောင်တော့ကျိုးစားနေပါတယ်"လို့အဆိုတော်ဆုထက်လှိုင်ကပြောပါတယ်။
အနုပညာအပြင်ပညာရေးကိုလည်းပိုမိုတိုးတက်အောင်လုပ်လိုတဲ့အတွက်နိုင်ငံခြားမှာဟိုတယ်နဲ့ခရီးသွားပိုင်းဆိုင်ရာသင်တန်းကျောင်းကိုတက်ဖို့လေ့လာမှုတွေကိုလည်းပြုလုပ်နေတယ်လို့သိရပါတယ်။
သီချင်းတွေကိုကိုယ်တိုင်ရေးသီချင်းတွေဖန်တီးနိုင်ဖို့အတွက်လည်း"ကိုယ်တိုင်သီချင်းရေးဖို့ကတော့ကျိုးစားဆဲပေါ့ကိုယ်တိုင်သီချင်းရေးတဲ့သူတွေကစာဖတ်အားလဲကောင်းရတယ်လေ့လာမှုလဲများရတယ်အီမိုးရှင်းလဲတော်တော်ထည့်ရတယ်လို့ကြားတယ်ဆုထက်တေးရေးတွေကိုနောက်ပိုင်းကျကိုယ်ချင်းစာတယ်သူတို့တစ်ပုဒ်တစ်ပုဒ်ထွက်ဖို့မလွယ်ဘူးလေအကြောင်းအရာတွေကအများကြီးစဉ်းစားရတာဆိုတော့သီချင်းရေးဖို့ကတော့ကျိုးစားနေတယ်"လို့သူမကပြောပြခဲ့ပါတယ်။

Comments