စီးပွားရေးလုပ်ငန်းများ မျက်ရည်ကျသည့်ကိစ္စသည် မိမိအကျိုးစီးပွားအရ ပြောကြားခြင်းမဟုတ်ဘဲ တိုင်းပြည်အခြေအနေကို စေတနာဖြင့်ပြောကြားခဲ့ခြင်းဟုဇေကမ္ဘာဦးခင်ရွှေပြော

စီးပွားရေးလုပ်ငန်းများ မျက်ရည်ကျသည့်ကိစ္စသည် မိမိအကျိုးစီးပွားအရ ပြောကြားခြင်းမဟုတ်ဘဲ တိုင်းပြည်အခြေအနေကို စေသနာဖြင့်ပြောကြားခဲ့ခြင်းဟုဇေကမ္ဘာဦးခင်ရွှေကပြောခဲ့သည်။

အဆိုပါကိစ္စကို စက်တင်ဘာလ ၂၈ရက်နေ့ ကကမ္ဘာအေးကုန်မြေ ဝိဇယမင်္ဂလာ ဓမ္မသဘင် ၌ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး သာသနာနုဂ္ဂဟ အသင်း နှင့် ထိုင်းနိုင်ငံ ဓမ္မကာယ သာသနာပြု အဖွဲ့မှ ကြီးမှုးကျင်းပသည့် ဒုတိယအကြိမ် ဝါဆိုသင်္ကန်းဆပ်ကပ်လှုဒါန်းပွဲတွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။


“ ဒီလကုန်ဆိုဘဏ္ဍနှစ်ကုန်ပြီ အဲ့ဒီအခါကြရင်ဘဏ်တွေက ချေးထားတဲ့ပိုက်ဆံတွေကိုပြန်ယူကြတော့မယ် အသံတွေထွက်လာတယ်။ လုပ်ငန်းရှင်တွေဘက်ကလည်း လုပ်ငန်းတွေမှာ ပိုက်ဆံတွေမြှပ်နေတော့ ပြန်မဆပ်နိုင်ကြဘူး အဲ့ဒီအခြေအနေဆိုရင် ပြန်အဖက်ဆယ်ဖို့ခက်သွားမယ် အချိန်မှီမထိန်းနိုင်ရင်မီးက ကြီးနိုင်တယ်”ဟု ဦးခင်ရွှေကပြောကြားသည်။

ထို့အပြင်စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းများအကြား ချေးငွေပြသနာမှာလည်းတိုင်းပြည်စီးပွားပျက်သည်အထိ ဖြစ်ပေါ်နိုင်သောကြောင့် အဆိုပါအခြေအနေကို ထိန်းချုပ်နိုင်ရန် အတွက်လည်းပြောကြားခဲ့သည့်အတွက်အချိန်မီထိန်းသိမ်းသွားနိုင်ကြောင်း၎င်းကဆိုသည်။

ဘဏ်နှင့်စီးပွားရေးလုပ်ငန်းရှင်အကြား အခက်အခဲကို ပြောခဲ့ပြီးနောက်ပိုင်းတွင်ဘဏ်များတွင် ငွေထည့်သွင်းထားသူများမှ ငွေပြန်ထုတ်မှုများကြောင့် ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၁၃သိန်းအထိ မြင့်တက်ခဲ့ပြီးဗဟိုဘဏ်မှ ဒုတိယဥက္ကဌနှင့် ဗဟိုဘဏ်တို့မှ သဘောထားများထုတ်ပြန်ပြောဆိုမှုများရှိခဲ့ပြီး
အစိုးရမှ သုံးရက်အတွင်းပြန်လည်ထိန်းချုပ် မှုများပြုလုပ်နိုင်ခဲ့ကြောင်း ဦးခင်ရွှေကဆက်လက်ရှင်းပြခဲ့သည်။





Comments