ရိမ်းဘိုးဆပ်ပြာစက်ရုံအလုပ်သမားများသပိတ်မှောက်ဆန္ဒပြမှုကြောင့်အလုပ်ရှင်နှင့်အလုပ်လုပ်ကိုင်နေသောအလုပ်သမားများနစ်နာမှုဖြစ်ဟုဆို




ရိမ်းဘိုးဆပ်ပြာစက်ရုံအလုပ်သမားများသပိတ်မှောက်ဆန္ဒပြမှုကြောင့်အလုပ်ရှင်နှင့်အလုပ်လုပ်ကိုင်နေသောအလုပ်သမားများတွင်နစ်နာမှုများဖြစ်ပေါ်နေကြောင်းMCE Ltdရိမ်းဘိုးဆပ်ပြာစက်ရုံမှသူဌေးကိုယ်စားလှယ်ဦးထွဋ်မြတ်ရှိန်ကပြောသည်။
ရိမ်းဘိုးဆပ်ပြာစက်ရုံအလုပ်သမားများမှသပိတ်မှောက်ဆန္ဒပြသည့်အပေါ်တွင်အလုပ်ရှင်ဘက်မှသတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုရန်ကုန်မြို့၄၇လမ်းရှိThai 47စားသောက်ဆိုင်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်​ (ဆိပ်​ကမ်း) မြို့နယ် ၊ စက်မူ့ဇုန် ( ၁ )​တွင်​ဖြစ်​​ပေါ်​တွင်ရှိMCE ဆပ်ပြာစက်ရုံ အလုပ်သမားသပိတ်မှာ သြဂုတ်လ ၂၂ရက်နေ့တွင်စတင်ခဲ့ပီးMCE (RainBow) ဆပ်​ပြာစက်​ရုံတွင်အလုပ်လုပ်ကိုင်နေသောအလုပ်သမားများမှစက်ရုံအလုပ်သမားပေါင်း အယောက် ၇၀ခန့်ဆန္ဒပြနေပြီးပစက်ရုံတွင်းကျန်အလုပ်သမား၂၃၀ခန့်နှင့်ဖြန့်ဖြူးရေးရုံးခွဲဝန်ထမ်းအယောက်၄၀၀မှာအလုပ်ဆက်လက်လုပ်ကိုင်နေကြသည်။
"ဆန္ဒပြတာကပြလို့ရပါတယ်စက်ရုံဝင်းထဲမှာဒီလိုမျိုးပိတ်ဆို့ထားတာကလုံခြုံရေးကိစ္စတွေပစ္စည်းသယ်ယူကိစ္စတွေမှာအခက်အခဲဖြစ်တယ်ကုန်ကြမ်းသွင်းဖို့အခက်အခဲရှိသလိုကုန်ချောတွေထုတ်ဖို့လဲအခက်အခဲတွေရှိပါတယ်"ဟုMCE Ltdရိမ်းဘိုးဆပ်ပြာစက်ရုံမှသူဌေးကိုယ်စားလှယ်ဦးထွဋ်မြတ်ရှိန်ကပြောသည်။
သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့်ဥပဒေမဲ့လုပ်ဆောင်ချက်များအားအမြန်ဆုံးတည့်မတ်ပေးရန်ကုမ္ပဏီလုပ်ငန်းရှင်တကွကောင်းမွန်စွာအလုပ်လုပ်နေသောMCEဝန်ထမ်း၆၀၀ကျော်မှတောင်းဆိုထားပြီးဥပဒေနှင့်ဆန့်ကျင်ကာစက်ရုံဝင်းအတွင်း၌ပိတ်ဆို့ဆန္ဒပြနေသောသပိတ်ပြနေသောသပိတ်စခန်းကိုစက်ရုံအပြင်သို့ရွှေ့ပြောင်းပေးပါကညှိုနှိုင်းမှူများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းအလုပ်ရှင်ကိုယ်စားလှယ်များ၏ပြောကြားချက်အရသိရသည်။
MEC ဆပ်ပြာစက်ရုံ အလုပ်သမားသပိတ်ခေါင်းဆောင် မအိဇင်ဖြိုးက“ကျွန်မ ဒီစက်ရုံမှာ အလုပ်စစ ဝင်ချင်းတုန်းက သုံးသောင်းခွဲရတယ်။ အခု လုပ်သက် ၉နှစ်လောက်ရှိတဲ့ အချိန်မှာတော့ တစ်သိန်းငါးသောင်းဝန်းကျင်လောက်ရပါတယ်။ အလုပ်စဝင်ကတည်းက လူမှုဖူလုံရေးကြေး ကို တောက်လျှောက်ပေးဆောင်ခဲ့တယ်။ ဒါပေမယ့် ဆေးခွင့်၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့် ဆိုတာတွေ ယူလို့ရတယ် ဆိုတာ စက်ရုံဘက်က မပြောထားဘူး၊ ကျွန်မတို့ကိုယ်တိုင်လည်း မသိခဲ့ဘူး။ တစ်လလုံးမှာ တစ်ရက်မှ မပျက်ဘူးဆိုရင် ရက်မှန်ကြေးတစ်သောင်းခွဲရတယ်။ ဒါ ကျွန်မက လုပ်သက် ၉ နှစ်ရှိတဲ့ သူမို့လို့ပါ။ တခြားသူတွေဆို နှစ်ထောင့်ငါးရာကနေ စပြီး ရတယ်။ နေမကောင်းလို့ ခွင့် ၁ ရက်လောက်ယူတယ်ဆိုရင် ရက်မှန်ကြေးလုံးဝမရတော့ဘူး။ ဆိုတော့ ရက်တစ်ရက်မှ မပျက်အောင် ဆင်းစေချင်လို့ ပေးတာပါပဲ။ တခြားခံစားခွင့် ဘာမှမရှိဘူး။ "ဟုပြောသည်။
အလုပ်သမားများမှတောင်းဆိုချက်၁၃ချက်မှာလက်ထောက်မန်နေဂျာဒေါ်နှင်းအိဝင်းကို အလုပ်မှ ထုတ်ပယ်ပေးရန်၊၂လုပ်ငန်းကျွမ်းကျင်ကြေးအား တနှစ်လျှင် ၃၀၀၀၀ ကျပ်နှုန်း နှစ်စဉ်တိုးမြှင့်ပေးရန်၊၃အလုပ်ဆင်းချိန်နှင့် တဆက်တည်း အချိန်ပိုခေါ်မည်ဆိုပါက အနည်းဆုံး ၃၀ မိနစ် အနားပေးရန်၊၄ အလုပ်သမားများအား ခွဲခြားဆက်ဆံခြင်း (လုံးဝ) မပြုလုပ်ရန်၊၅လုပ်ငန်းခွင်အတွင်း ပုံမှန်ဝန်ထမ်းအရေအတွက်အောက် လျော့နည်းသည့်ဌာနများတွင် ဝန်ထမ်းထပ်မံ ဖြည့်သွင်းပေးရန်၊၆ကိုယ်ဝန်ဆောင်အမျိုးသမီးများအား လုပ်ငန်းခွင်အတွင်း အလေးအပင်မခိုင်းခြင်းများ (လုံးဝ) မပြုလုပ်ရန်၊၇အလုပ်သမားများ၏ လုပ်ခလစာထဲမှ ဖြတ်တောက်ထားသော ဒဏ်ကြေးငွေများအား အလုပ်သမားသမဂ္ဂရံပုံငွေအဖြစ် ပြန်ထည့်ပေးရန်၊၈လစာထုတ်ရက်တွင် လစာငွေအား အလုပ်ချိန်အတွင်း အပြီးထုတ်ပေးရန်၊၉ကုန်ထုတ်လုပ်မှုစံချိန်အား လျှော့ချပေးရန်၊၁၀ ထမင်းစားချိန်အား တိကျစွာသတ်မှတ်ပေးရန်၊၁၁ စက်ရုံလုပ်ငန်းခွင်အတွင်း အပူချိန်လျှော့ချရန်လိုအပ်သောဌာနများတွင် ပန်ကာများတပ်ဆင်ပေးရန်၁၂အချိန်ပိုကြေးအား ၃ ရက်အတွင်းရှင်းပေးရန်၊၁၃အလုပ်သမားများအား မိမိနှင့် သက်ဆိုင်သည့် အလုပ်နေရာတွင်သာ ခိုင်းစေရန်စသည့်အချက်များကိုတောင်းဆိုခဲ့ထားကြောင်းသိရသည်။

Comments