အဓိကလုပ်ငန်းကဏ္ဍကြီးများ ဖွံဖြိုးတိုးတက်ရန်အတွက် လုပ်ငန်းကဏ္ဍ(၄)ခုကိုပေါင်းစည်းထားသောအခမ်းအနားတစ်ခုကျင်းပမည်

မြန်မာနိုင်ငံ၏ အကြီးဆုံးစက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အခမ်းအနားကြီးကို ၂၀၁၉
ခုနှစ် အောက်တိုဘာလ(၉)ရက်မှ(၁၁)ရက်ထိကျင်းပမည့်ဖြစ်သည်။

၎င်းပြပွဲကို Myanmar Expo(ME)တွင်ပြောင်းရွှေ့ကျင်းပမည်ဖြစ်ကာ သစ်လွင်ပြီး လွယ်ကူစွာ သွားလာနိုင်မည့်အပြင်၊ကားရပ်နားရန်နေရာများကို ဖန်တီးထားပြီး
အမျိုးမျိုးသောဝန်ဆောင်မှုများလဲပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ယင်းပြပွဲတွင် construction ၊ power & mining myanmar ၊ Re myanmar ၊ MTA myanmar နှင့် subcon myanmar တို့ကို တစ်နေရာတည်းတွင် စုစည်းကျင်းပမည်ဟုသိရသည်။

ထိုလုပ်ငန်းကဏ္ဍများကိုပေါင်းစုထားသော အဆိုပါပြပွဲတွင် စက်မှုလုပ်ငန်းသုံး စက်ယန္တားများ ၊ ကိုစားလှယ်လွှဲအပ်လုပ်ကိုင်ခြင်း ၊ အဆောက်အဦးနှင့် ဆောက်လုပ်ရေး ၊ သတ္တုတူးဖော်ရေး ၊ စွမ်းအင်နှင့်ပြန်လည်
ပြည့်ဖြိုးမြဲစွမ်းအင်တို့အပါအဝင် လုပ်ငန်းအမျိုးမျိုးအတွက် နည်းပညာနှင့် ကိရိယာများ ပါဝင်တင်ဆက်ပြသမည်ဖြစ်ကြောင်းသိရသည်။









Comments