တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်းမင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ ရေပြတ်မည်
၂၇-၉-၂၀၁၉ ရက်နေ့တွင် ငမိုးရိပ်ရေသန့်စင်စက်ရုံ
(ညောင်နှစ်ပင်)သို့ သွယ်တန်းထားသော ကောင်းကင်ဓာတ်အားလိုင်း မကြာခဏ အပြစ်ဖြစ်ပေါ်မှု နည်းပါးစေရန် Coverပါရှိသော Insulated Cable နှင့်လဲလှယ်
နိုင်ရန်အတွက် လှော်ကား-ဖောင်ကြီး ဓာတ်အား
လိုင်းမှ ယာယီဓာတ်အားဆက်သွယ်ရန်အတွက်
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
နှင့် ပူးပေါင်းပြီး လျှပ်စစ်ဓာတ်အားဖြတ်တောက်၍ လုပ်ငန်းဆောင်ရွက်မည် ဖြစ်ပါသဖြင့် (ညောင်နှစ်ပင်)ရေသန့်စင်စက်ရုံတွင် ဓာတ်အား ပြတ်တောက်မည်ဖြစ်ပါသည်။

သို့ပါ၍ ထိုစက်ရုံမှ အဓိက ရေပေးဝေလျက်ရှိသော မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့
၊ ဒဂုံဆိပ်ကမ်း၊ပြတ်တောက်မည်ဖြစ်ပါ၍ ရေကြိုတင်စုဆောင်းထားနိုင်ပါရန် အသိပေးအပ်ပါသည်။

ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

Comments
Post a Comment