ပန်းရဲ့လမ်းအဖွဲ့တည်ထောင်သူဖြစ်ပြီးကွယ်လွန်သွားပြီဖြစ်တဲ့အဆိုတော်သားထွေးရဲ့"ချစ်ရတဲ့သူတေးအယ်လ်ဘမ်ကိုစက်တင်ဘာလရက်နေ့ကရန်ကုနိမြို့ဆာကူရာတာဝါရှိအထပ်နှစ်ဆယ်Sky Bistroတွင်ပြုလုပ်ခဲ့သည်။
မူပိုင်စီစဉ်သူပျိုးမှစီစဉ်သည့်အဆိုတော်သားထွေးသီဆိုသည့်သီချင်းများကိုကျန်ရစ်သူမိသားစုနှင့်အပေါင်းအသင်းများမှစုစည်းထုတ်ဝေခြင်းဖြစ်သည်။
ယခုသီချင်းအခွေကိုစီစဉ်ခဲ့သည်မှာနှစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီးအဆိုတော်သားထွေးမကွယ်လွန်ခင်ကစီစဉ်နေခဲ့ခြင်းဖြစ်ပြီးသားထွေးကွယ်လွန်ပြီးနောက်မပြီးပျက်သည့်လိုအပ်မှုများကိုကျန်ရစ်သူများကဖြည့်ဆည်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
"ချစ်ရတဲ့သူ"တေးအယ်လ်ဘမ်တွင်သီချင်းဆယ့်နှစ်ပုဒ်ပါဝင်ပြီးပန်းခင်းထဲမှာ၊မျှော်လင့်နေမယ်၊ရက်စက်တယ်၊စွဲလမ်းခြင်း၊ချစ်ရတဲ့သူ၊ကြယ်ပွင့်ခူး၊ခလုတ်ထိစူးငြိ၊ဝေးကွာခြင်းည၊ခေါင်းမော့သူငယ်ချင်း၊နှင်းရွာအဝင်၊ပျိုးသီချင်းဆယ့်နှစ်ပုဒ်ပါဝင်သည်။
"ကိုသားထွေးကစွယ်စုံရသူပါသူနာမည်ကြီးခဲ့တဲ့သူချင်းတွေကအများကြီးပါဂီတလောကမှာအနုပညာရှင်တွေကသီချင်းတစ်ပုဒ်ဖန်တီးရင်အကုန်လုံးကိုမေ့နေခဲ့တာပါဆယ်ပုဒ်ကသူကိုယ်တိုင်ပြန်ရေးပြန်ဆိုခဲ့နှစ်ပုဒ်ကတော့ကျွန်တော်တို့ကြိုက်လို့ပြန်ထာ့်ထားတာပါကိုသားထွေးကမိသားစုအတွက်တာဝန်ကျေသလိုဂီတအတွက်လည်းတာဝန်ကျေခဲ့တာပါနိုင်ငံအတွက်လည်းပရဟိတတွေအများကြီးလုပ်ခဲ့တာပါ"ဟုMasterတေးသံသွင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုတော်သားထွေး၏ချစ်ရတဲ့သူတေးအယ်လ်ဘမ်တွင်ဂစ်တာစောရန်နိုင်Bassကိုရဲလွင်မဇ္ဇိုမလှိုင်း)Drums&KBဇာနည်Studio Dozen Wave Mixing & Masteringထွန်းထွန်းကျော်Harmonyကိုထွဋ်တို့မှပါဝင်ထားပြီး
Masterတေးသံသွင်းမှယနေ့တွင်စတင်ဖြန့်ချီသွားမည်ဖြစ်သည်။

Comments
Post a Comment