ရန်ကုန်မြို့မင်္ဂလာဒုံဥယျာဉ်မြို့တော်အတွင်းရှိဇေကမ္ဘာအိမ်ယာစီမံကိန်းဝင်းအတွင်းမှလမ်းကိုအများပြည်သူသုံးလမ်းအဖြစ်စက်တင်ဘာလ၁၄ရက်နေ့မနက်ဆယ့်နာရီဝနိးကျင်မှစတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းဇေကမ္ဘာကုမ္ပဏီမှသိရသည်။
လမ်းများပြုပြင်ရန် အတွက်ဝင်းဂိတ်အားခေတ္တပိတ်ထားခြင်းဖြစ်ပြီး ခေတ္တပိတ်ထားသည့် လမ်းများအား
ဖွင့်လှစ်ပေးရန်ရန်ကုန်မြို့တော်ဝန်နှင့်တာဝန်ရှိသူများဇေကမ္ဘာ ကုမ္မဏီ ရုံးချုပ်သို့ ရောက်ရှိခဲ့ပြီး ဇေကမ္ဘာကုမ္မဏီ ဥက္ကဌနှင့် ဆွေးနွေးကာခေတ္တပိတ်ထားသည့် လမ်းများကို နေ့လည် ၁၁ နာရီတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
မင်္ဂလာဒုံ ဥယျဉ်မြို့တော် အတွင်းရှိ ယာဉ်အိုယာဉ်ဟောင်းများ ၊ ကျုးကျော်များ နှင့် လမ်းဘေးဈေးသည်များကို ရှင်းလင်းပေးမည်ခြင်း ကိုမြို့တော်ဝန်မှဆောင်ရွက်ပေးမည့်အပြင်ရာဇ၀တ်မှုများ မသမာ မှုများ အတွက်လည်း ဥယျဉ် လုံခြုံရေး လုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်ဘက်မှ ကူညီလုပ်ကိုင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှစ်ဖက်ညိုနှိုင်းမှုများအရသိရသည်။
အောင်မင်္ဂလာ အဝေးပြေးကွင်း ရှေ့တွင် ယာဉ်ကြေပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားတက်သည့် အတွက် ယာဉ်မောင်းများမှ ရှောင်ရှားရန် မင်္ဂလာဒုံ ဥယျဉ် မြို့တော် အတွင်းဖောက်လုပ်ထားသည့် လမ်းများမှ တဆင့် ဖြတ်လမ်းအဖြစ် မြောက်ဥက္ကလာ နှင့် မင်္ဂလာဒုံ မြိှု့နယ် သို့ ဖြတ်သန်းသွားလာနေခြင်းဖြစ်ပြီးဝင်းအတွင်းလမ်းများပိတ်ထားပါကလမ်းပိတ်ဆို့မှုအားရှောင်ရှားရန်လမ်းမရှိသည့်အတွက်ယခုကဲ့သို့လမ်းများပြန်လည်ဖွင့်လှစ်ပေးခြင်းမှာလမ်းသွားလမ်းလာများအတွက်အဆင်ပြေကြောင်းခရီးသွားတစ်ဦးကပြောသည်။
"ဇေကမ္ဘာ အိမ်ယာ စီမံကိန်း ဝင်းအတွင်းက လမ်းကို အများပြည်သူ သုံးလမ်းအဖြစ် ခွင့်ပြုပေးဖို့ တောင်းဆိုတာကို ဇေကမ္ဘာမှ မြို့တော်ဝန်ကြီးအား လေးစားမှုဖြင့် လိုက်လျောပေးလိုက်ပါတယ်
ဇေကမ္ဘာက လမ်း၊ လမ်းမီး နဲ့ တံတားတွေကို အကုန်အကျခံ တည်ဆောက်ထားတာဖြစ်ပြီး သီးသန့်အိမ်ယာစီမံကိန်းဝင်းတစ်ခုဖြစ်တယ်ဆိုတာ သိရင် ရပါတယ်"ဟုဇေကမ္ဘာကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက၎င်း၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ရေးသားထားသည်။
သြဂုတ်လ၃၀ရက်နေ့မှစတင်၍လမ်းများပြုပြင်ရန်ပိတ်ထားခဲ့ခြင်းဖြစ်ပြီးနှစ်ဖက်ညှိနှိုင်းမှု အရ လမ်းဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သုံးတန်အောက် ယာဉ်များကို ပြန်လည်ဖြတ်သန်းခွင့် ပြုသွားမည်ဖြစ်သည်။

Comments
Post a Comment