အဆိုတော်နှစ်ယောက်သီဆိုထားသည့်"ဝိမုတ္တိ"တေးသီချင်းခွေမိတ်ဆက်

တေးသံရှင် နန္ဒအောင်ရှိန် နှင့် လင်းမြတ်အောင်တို့သီဆိုထားသည့် "ဝိမုတ္တိ" တေးအယ်လ်ဘမ်အခွေမိတ်ဆက်ပွဲကိုစက်တင်ဘာလ၁၂ရက်နေ့ကရန်ကုန်မြို့စတုဘုမ္မိကကျောင်းတိုက်၌ပြုလုပ်ခဲ့သည်။

သီချင်းခေါင်းစဉ်"ဝိမုတ္တိ"မှာငြိမ်းချမ်းခြင်းအဓိပ္ပါယ်ဖြစ်ပြီးတကယ့် ငြိမ်းချမ်းခြင်း နိဗ္ဗာန်ကိုဆိုလိုခြင်းဖြင့်ယခုTitleကိုပေးထားခြင်းဖြစ်ကြောင်းသိရသည်။

"လက်ရှိခေတ် လူငယ်တွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖန်တီးထားတာပါ။ အတီးပိုင်းနဲ့ အဆိုပိုင်းမှာပါ လွတ်လွတ်လပ်လပ် ဖန်တီးထားပါတယ်"ဟု အဆိုရှင် နန္ဒအောင်ရှိန် ကပြောသည်။

ယခု သီချင်းခွေတွင်အချစ်အလွမ်းအပြင် သဘာဝ ဆန်ဆန်ရသများခံစားရမည့် တေးသီချင်း ၁၄ ပုဒ် ပါဝင်ပြီးတေးသီချင်းများကိုတေးရေး နန္ဒအောင်ရှိန် နှင့် ဝရဇိန် တို့က ရေးသားထားကြောင်း Isolated Force Band အဖွဲ့မှ တီးခတ်ပေးထားကြောင်း အဂ္ဂတေးထုတ်လုပ်ရေးမှ စက်တင်ဘာ ၂၄ ရက်တွင် ဖြန့်ချိမည်ဖြစ်ကြောင်းသိရသည်။




Comments