ဝါရင့်မြန်မာတေးသံရှင်ကြီးများတက်ရောက်ခဲ့ကြတဲ့တေးသံရှင်စိမ်းလဲ့လဲ့ရဲ့တို့ရဲ့အချိန်တေးစီးရီးကိုစက်တင်ဘာလ၁၀ရက်နေ့ကရန်ကုန်မြို့house of orchidတွင်ပြုလုပ်ခဲ့သည်။
မြန်မာတေးသံတွေကိုသာမကခေတ်ပေါ်တေးသီချင်းတွေကိုပါပိုင်နိုင်စွာသီဆိုနိုင်တဲ့တေးသံရှင်စိမ်းလဲ့လဲ့ရဲ့တေို့ရဲ့အချိန်တေးစီးရီးမှာတော့တေးရေးများဖြစ်ကြတဲ့အလင်္ကာကျော်စွာရွှေပြည်အေးဂီတလုလင်မောင်ကိုကိုစန္ဒရားလှထွတ်စန္ဒားအောင်ခင်ရေနံသာဝင်းမောင်ကိုမြတ်လင်းကိုမြတ်မင်းကိုသန်းမောင်ဖိုးကာညီမင်းခိုင်ဂီတမှူးမြတ်မင်းတေးဂီတဂီတဉ္ဇလီတိုဖြစ်ပြီးပတ္တမြားဒေဝီစောမဲကျီ အလိုကျ ရွှေမန်းမေ မင်္ဂလာပါဆရာ တို့ရဲ့အချိန် ဖူးစာလမ်းဆုံ ချစ်သူလာရင် ဆွဲအား နေမဝင်အချစ် ဆောင်းကြာခြည် ဝေးပြီ လွမ်းငွေ့တဝေဝေစသည့်သီချင်းပေါင်းဆယ့်နှစ်ပုဒ်ပါဝင်ကြောင်းသိရသည်။
ယခုတေးစီးရီးမိတ်ဆက်ပွဲသို့ဝါရင့်မြန်မာတေးသံရှင်ကြီးများဖြစ်တဲ့အဆိုတော်ဘဘဗိုလ်ကလေးတင့်အောင်အဆိုတော်ထားအဆိုတော်ရီရီသန့်နှင့်အခြားသောဝါရင့်အဆိုတော်ကြီးများတက်ရောက်ခဲ့ကြသည်။
"သီချင်းကတော့ဆယ့်နှစ်ပုဒ်ပါပါတယ်သီချင်းအမျိုးအစားကရေဒီယိုသီချင်းရုပ်ရှင်သီချင်းတွေနဲ့ယနေ့ခေတ်ပေါ်သီချင်းတွေအစုံပါပါတယ်ပထမအခွေတုန်းကတော့ရခိုင်ပြည်ကိုဦးစားပေးတဲ့သီချင်းတွေအများဆုံးပါရှိပါတယ်အခုခွေထဲမှာတော့မြန်မာဘက်ကိုပါရှိတဲ့သီချင်းတွေများပါတယ်"လို့အဆိုတော်စိမ်းလဲ့လဲ့ကပြောသည်။
တို့ရဲ့အချိန်တေးစီးရီးမှာအဆိုတော်စိမ်းလဲ့လဲ့ရဲ့ဒုတိယမြောက်တေးစီးရီးဖြစ်ပြီးစက်တင်ဘာလ၈ရက်နေ့မှာထွက်ရှိမှာဖြစ်တယ်လို့လည်းသိရသည်။
Comments
Post a Comment