အလုံမြို့နယ်နှင့်ကြည်းမြင်တိုင်မြို့နယ်ကြားကွင်းချောင်းရေထိန်းနံရံတံတားပြိုကျစက်တင်ဘာ၁ရက်နေ့မှလက်တလောယာယီထိန်းသိမ်းမှုလုပ်ငန်းစတင်





ရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်နှင့်ကြည့်မြင်တိုင်မြိုနယ်ကြားရှိကွင်းချောင်းရေထိန်းနံရံတံတားသြဂုတ်လ၃၁ရက်နေ့ည၉:၀၀ပိုင်းတွင်ထပ်မံပြိုကျမှုဖြစ်ပွားမှုခဲ့ကြောင်းသိရသည်။
"ကွင်းချောင်းရေထိန်းနံရံကတော့မနေ့ကညကတော့ဖြစ်တာပဲလူထိခိုက်တာမျိုးတော့မရှိပါဘူး"လို့ကြည်းမြင်တိုင်၎င်းရပ်ကွက်နေကိုဖြိုးကိုကပြောသည်။
အလုံဘက်အခြမ်းမှပေ ၃၀၀ကျော်ခန့်ရေထိန်းနံရံပြိုကျပြီးလမ်းမီးတိုင်များလည်းလဲကျခဲ့ကြောင်းကြည့်မြင်တိုင်သီတာရပ်ကွက်ဘက်အခြမ်းအောက်ခြေနံရံများပါပြိုကျခြင်းနှင့်မြေသား
နိမ့်ဆင်းခြင်းများပါဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။
သြဂုတ်လ၃၁ရက်နေ့ကအလုံမြို့နယ်နှင့်ကြည့်မြင်တိုင်မြို့နယ်ကြားရှိ ကွင်းချောင်းရေထိန်းနံရံပြိုကျပျက်စီးမှုများအားရှင်းလင်းခြင်းနှင့်လတ်တလောယာယီထိန်းသိမ်းပြုပြင်မှုလုပ်ငန်း များကိုစက်တင်ဘာလ၁ရက်နေ့တွင်ယနေ့နံနက်ပိုင်းမှစတင်ပြုလုပ်နေပြီဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးဒေါ်လှိုင်မော်ဦး၊ကော်မတီဝင်ဦးမင်းဟန်တို့မှလာရောက်ကြည့်ရှူ့ စစ်ဆေးပြီး ဌာနအလိုက်လုပ်ငန်းတာဝန်ခံများအလုံ၊ကြည့်မြင်တိုင်မြို့နယ်မှလွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့်မြေပြင်အခြေအနေဆောင်ရွက်ရမည့်အနေအထားများကိုဆွေးနွေးခြင်း၊လှည်လည်ကြည့်ရှု့၍လုပ်ငန်းဆောင်ရွက်နေသူများအားလိုအပ်ချက်များကိုအမြန်ဆုံးဆောင်ရွက်ရန် ထပ်မံမ
ဖြစိပွားစေရေး လတ်တလောအရံအတားများပြုလုပ်ရန်၊ဆက်လက်ဆောင်ရွက်ရမည့်အနေအထားများကို ဆွေးနွေးပြောကြားခဲ့ကြကြောင်းသိရသည်။

Comments