AI ကင်မရာ ၅ လုံး ပါဝင်သည့် HUAWEI NOVA 5T မိတ်ဆက်

HUAWEI Consumer Business Group မှ  အဆင့်မြင့် သုံးစွဲသူအတွေ့အကြုံများ  ပေးအပ်နိုင်မည့် HUAWEI Nova 5T အားlotte Hotel တွင် ၂၀၁၉

ခုနှစ် စက်တက်တင်ဘာ ၉ ရက်နေ့ကစတင်မိတ်ဆက်ခဲ့သည်။


HUAWEI Nova 5T တွင် 6.26” ရှိသည့် Punch FullView Display ပါဝင်ပြီး 174g အလေးချိန်ရှိကာ အထူအားဖြင့် 7.87 mm ရှိသောကြောင့် ကြီးမားသည့်မျက်နှာပြင်အား ပါးလွှာသည့် ကိုယ်ထည်ပေါ်တွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး
အဆင့်မြင့် Kirin 980 AI Processor အားဖြည့်ထားပြီး RAM 8GB ပါဝင်လာသည်။ အင်အားကြီးမားသည့် EMUI 9.1 operating system အားဖြည့်ထားပြီး high-end model များအသုံးပြုနေသကဲ့သို့ ချောမွေ့သည့် အတွေ့အကြုံအား ပေးစွမ်းနိုင်မည်ဟုသိရသည်။
22.5W HUAWEI SuperCharge နည်းပညာကြောင့် စမတ်ဖုန်းအား အချိန်တိုအတွင်း အားအင်ပြန်လည်ဖြည့်သွင်းနိုင်မည်ဖြစ်ပြီး GPU Turbo 3.0 ကြောင့် frame အပြည့်ဖြင့် ဂိမ်းကစားနိုင်မည်ဖြစ်ကာ နှောင့်နှေး ရပ်တန့်ခြင်းမှ ကင်းဝေးစေနိုင်မည်ဖြစ်ကြောင်း
သိရသည်။
HUAWEI Consumer Business Group (Myanmar) ၏ Marketing Director တစ်ဦးဖြစ်သော မခင်ရတနာဝင်း မှ “ ဒီ HUAWEI nova 5T ဟာဆိုရင် မိမိတို့ရဲ့ အကောင်းဆုံး ဆိုတဲ့ အမှတ်တရတွေကိုဝေမျှချင်တဲ့ သူတွေ ၊ မိမိတို့ရဲ့ တစ်နေ့တာ အမှတ်တရတွေကို အချိန်နဲ့ တစ်ပြေးညီ ဝေမျှချင်တယ်ဆိုတဲ့ သူတွေအတွက် အဆင်ပြေစေမယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒီဖုန်းမှာ ပါဝင်တဲ့ AI Camera ၅ လုံး နဲ့အတူ ကျော့ရှင်းပြီး လှပသည့် ဒီဇိုင်းကြောင့် HUAWEI nova 5T သည် အကြောင်းအရာဖန်တီးသူများအား အချိန်နှင့် တစ်ပြေးညီ တီထွင်ဖန်တီးစေနိုင်မည်ဖြစ်ပြီး စမတ်ဖုန်းနယ်ပယ်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းဘောင်တွေကို ဖြတ်ကျော်စေနိုင်မှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။  
အနောက်ဖက် AI ကင်မရာ ၄ လုံးပါဝင်ပြီး 48MP HD Lens ၊ 16MP wide-angle lens ၊ 2MP macro Lens နှင့် 2MP Bokeh Lens များဖြင့် high-definition ၊ ultra-wide-angle ၊ macro နှင့် depth of field ဓာတ်ပုံများအား ရိုက်ကူးစေနိုင်မည်ဖြစ်ပြီး သဘာဝရှုခင်း နှင့် အနီးကပ် ပုံရိပ်များအား တစ်ကြိမ်တည်း ရို်က်ကူးရုံဖြင့် ရိုက်ကူးစေနိုင်မည်ဟုသိရသည်။
AI Image Stabilization (AIS) ၊ Auto Exposure Lock (AEL) နှင့် Auto Focus Lock (AFL) ကဲ့သို့သော AI အထောက်အကူပြုထးသည့် ဓာတ်ပုံပညာရပ်ပိုင်းဆိုင်ရာ နည်းပညာများ ပါဝင်ပြီး ပုံရိပ်များအား အသေးစိတ် တိကျစွာရိုက်ကူးစေနိုင်မည်ဖြစ်သည်။ HUAWEI nova 5T သည် အင်အားကြီးမားသည့် ဗီဒီယို တည်းဖြတ်ခြင်း လုပ်ဆောင်ချက်များလည်း လုပ်ကိုင်စေနိုင်မည်ဖြစ်ကြောင်းသိရသည်၊
HUAWEI nova 5T တွင် EMUI 9.1 ပါဝင်အားဖြည့်ထားပြီး ကြီးမားသည့် ဖုန်းသုံးစွဲခြင်း အတွေ့အကြုံအား ထူးခြားသည့် လုပ်ဆောင်ချက် နှင့် system speed အဆင့်မြင့်တင်မှုများအား ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထို့အပြင် HUAWEI ၏ Extendable Read-Only File System (EROFS) ကြောင့် သမရိုးကျ စာဖတ်ရှုခြင်း အား ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်စေမည်ဖြစ်ပြီး system storage space အား ROM ပမာဏအား လျော့ချစေပြီး ပိုမို သိမ်းဆည်းနိုင်စေမည်ဖြစ်သည်။
HUAWEI nova 5T အား Crush Blue ၊ Black နှင့် Midsummer Purple ဆိုပြီး အရောင် ၃ မျိုးဖြင့် ရွေးချယ်နိုင်မည်ဖြစ်ပြီး  ဈေးနှုန်းအားဖြင့် မြန်မာငွေကျပ်  ၅၉၉,၀၀၀ ဖြင့် စက်တင်ဘာလ ၉ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ Pre-Order မှာယူနိုင်မည်ဖြစ်ပြီးPre-Order သတ်မှတ်ထားသည့် အချိန်အတွင်း ဝယ်ယူသူများအား Huawei Mini Speaker များ ပြန်လည်ပေးအပ်သွားမည်ဟုသိရသည်။
HUAWEI nova 5T အား ဝယ်ယူသူများအတွက်ထူးခြားချက်အနေဖြင့် CB Bank နှင့် ပူးပေါင်းမှု ပြုလုပ်ကာ အတိုးနှုန်း  0% ဖြင့် ဖုန်းဝယ်ယူနိုင်မည့် အခွင့်အရေးအားလည်း ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။




Comments