မြန်မာနိုင်ငံတွင် Afterwork ပွဲ ဆင်နွှဲသည့် ယဉ်ကျေးမှုကို Heineken® က စတင်မိတ်ဆက်

Heineken® သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် Afterwork by Heineken® ကို ဂုဏ်ယူစွာဖြင့် မိတ်ဆက်လိုက် ပြီဖြစ်သည်။

ကမ္ဘာအနှံ့အပြားတွင် ကျင်းပနေခဲ့သော ဤ Afterwork by Heineken® ဆိုသည်မှာ Heineken® အနေဖြင့် သောကြာနေ့များတွင် လူငယ် Executive များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ပရော်ဖက်ရှင်နယ်များအတွက် အထူးပါတီပွဲများ ကျင်းပပေးသည့် အစီအစဉ်တစ်ရပ်ဖြစ်သည်။
 မြန်မာနိုင်ငံမှ တက်ကြွဖျတ်လတ်သော ပရော်ဖက်ရှင်နယ် လူငယ်များအနေဖြင့် ပင်ပန်းနွယ်နယ်သော ရက်သတ္တပတ်တစ်ခုပြီးဆုံးသည့်အချိန်တွင် မိတ်ဆွေသူငယ်ချင်းများနှင့် အတူတွေ့ဆုံ၍ DJ ဖျော်ဖြေတင်ဆက်မှုများ၊ ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များ၊ အစားအသောက်ကောင်းများရှိရာ ဤပါတီပွဲများတွင် ဆင်နွှဲ၍ စိတ်အပန်ဖြေအနားယူနိုင်မည်ဖြစ်သည်။
Afterwork by Heineken® ပါတီပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့များရှိ Heineken® အရောင်းဆိုင်အချို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း Heineken® က ရန်ကုန်မြို့တွင် နှစ်ပတ်လျှင် တစ်ကြိမ်ဖြင့် ပွဲ ၅ ပွဲ၊ မန္တလေးမြို့တွင် ပွဲ ၃ ပွဲတို့ကို Eclipse ၊ Escape ၊ Safe House ၊ Vista ၊ Atlas ၊ Ned Kelly ၊ Giza နှင့် The Square ဆိုင်များတွင် ကျင်းပပြုလုပ်သွားမည်ဟုသိရသည်။





Comments