ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှု့ လျော့ချရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးမည့် Yes Boss Trasportation Co,Ltd မှ လုပ်ငန်းစဉ်များအားရှင်းလင်း"
Yes Boss Trasportation Co,Ltd မှ
ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှု့ လျော့ချရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးမည့် လုပ်ငန်းစဉ်များအားရှင်းလင်းပွဲကို
ဩဂုတ်လ ၇ ရက်နေ့က မင်္ဂလာဒုံမြို့နယ်
ဇေကမ္ဘာဝန်းအတွင်း အမှတ် ၂၁ ခရေရိပ်သာလမ်းတွင် ပြုလုပ်ခဲ့
ကြောင်းသိရသည်။
Yes Boss Trasportation Co,Ltd မှ
၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလပိုင်းတွင်
ရန်ကုန်မြို့တွင်း ယာဉ်ကြောကြပ်မှု့အား
လျော့ချပေးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်အတွက် လက်တွေ့လေ့လာ
ဆန်းစစ်ခြင်းလုပ်ငန်းများကို ၂ နှစ်ခန့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စမ်းသပ်ကာလပြီးနောက် ယခုအခါ
Yes Boss Trasportation Co,Ltd အမည်ဖြင့် တရားဝင်အကောင်အထည်ဖော်၍
Taxi ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများနှင့်
ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို
ရှင်းလင်းပြောကြားခြင်းဖြစ်ပြီး YBT လုပ်ငန်းနှင့် Taxi ယာဉ်အပ်ကာ ပူးပေါင်းဆောင်ရွက်မည့် ယာဉ်ပိုင်ရှင်များကို
လစဉ် နှစ်သိန်းခွဲကျပ်ပေးမည့်အပြင် (၅)လပြည့်ပြီးပါက ခရီးသည်ထံမှ Taxi ယာဉ်
မောင်းတိုက်ရိုက်ရငွေ၏ ၅% ကို ထပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကုမ္ပဏီတွင်
အပ်နှံထားသည့် ကာလအတွင်း ယာဉ်ပြင်ဆင်စရိတ်နှင့် လိုအပ်သောပစ္စည်း
ဝယ်ယူမှု့ကို ကုမ္ပဏီမှ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Taxi ယာဉ်မောင်းများအနေဖြင့်လည်း ကုမ္ပဏီမှယာဉ်ကို မောင်းနှင်ပါက အာမခံငွေ
ပေးအပ်ရမည့် နှုန်းထားကို ၁၉၀၀၀၀ ကျပ်
သတ်မှတ်ထားပြီး အုံနာကြေးကို ၂၇၀၀၀၀ ကျပ်သာ သတ်မှတ်ထားကြောင်း ယာဉ်မောင်းများအနေဖြင့် အုံနာကြေးကို
ရက်မှန်ပေးရန်နှင့် ခရီးသည်များနှင့် ပတ်သတ်သည့် စည်းကမ်းချက်များကို လိုက်နာရန်လည်း သတ်မှတ်ထားကြောင်း
သိရသည်။
"ကျွန်တော်တို့ YBT နဲ့ ၃ နှစ်နဲ့ ၆ လ ပူးပေါင်းမယ်ဆိုရင် သိန်းတစ်ရာဝန်းကျင်ရှိတဲ့
တိုက်ခန်းပိုင်ဖို့အတွက် လက်ငင်းပေးရမယ့်ငွေ
အခမဲ့နီးပါးရအောင် ကျွန်တော်တို့ လုပ်ပေးပါမယ်။ အပြင်မှာဆို အိမ်ငှားနေရတာတွေရှိတယ်။ ကျွန်တော်တို့
YBT မှာ စည်းကမ်းလိုက်နာတယ် ၃နှစ်နဲ့ ၆ လစာချုပ်ချုပ်ထားတယ်ဆို ၂ နှစ်ကျော်တာနဲ့
ကျွန်တော်တို့ မဲနှိုက်လုပ်ပေးမယ့် အစီအစဉ်လည်း ရှိပါတယ်"ဟု
Yes Boss Trasportation Co,Ltd မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၅ ခုနှစ်မှ စတင်ခဲ့သည့် အတွေ့အကြုံများအပေါ်မူတည်၍ ယခုစံနစ်အား အကောင်အထည်ဖော် လုပ်ဆောင်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု့ လျော့ချနိုင်မည့်
လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍လည်း
တိုသ်းဒေသကြီးအစိုးရသို့ တွေ့ဆုံတင်ပြထားမှု့များရှိကြောင်းလည်း
သိရသည်။
YBT မှ ခရီးသည်ရှာပေးခြင်းအစီအစဉ် စတင်ချိန်တွင် Taxi ယာဉ်မောင်းထံမှ
၁၅ ရာခိုင်နှုန်း ယူမည်ဖြစ်သည်။ ၎င်း ၁၅ ရာခိုင်နှုန်းမှ ယာဉ်ပိုင်ရှင်အတွက် ၅ ရာခိုင်နှုန်း
ယာဉ်မောင်းအိမ်ဝယ်ယူရာအတွက်
Downpayment ငွေရရန် ၅ ရာခိုင်နှုန်းကို
လည်းကောင်း၊ ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများဆုံးပါးသွားပါက ပေးရန် ၂
ရာခိုင်နှုန်းကိုလည်းကောင်း ၊ ထိုပေးရန်အတွက် ငွေအားလုံးကို ဘဏ်အကောင့်ဖွင့်၍ ဖယ်ပေးထားမည်ဖြစ်ပြီး
ကုမ္ပဏီမှ ၃ ရာခိုင်နှုန်းသာ ယူမည်ဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Comments
Post a Comment