မြန်မာနိုင်ငံနှင့် ကမ္ဘာ့သန့်ရှင်းရေးနေ့(World Cleanup Day )ကို JCI Myanmar မှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်

ကမ္ဘာတစ်ဝှမ်းရှိအစိုးရနှင့်တာဝန်သိနိုင်ငံသားအသီးသီးကမိမိတို့နိုင်ငံအသီးသီးတွင် လှုတ်ရှားဆောင်ရွက်ကြမည်ဖြစ်သည့်အလျောက် မြန်မာနိုင်ငံတွင်လည်းအဖွဲ့အစည်းများနှင့် တာဝန်သိပြည်သူများ
ပါဝင်သည့်သန့်ရှင်းရေးဆိုင်ရာလှုပ်ရှားမှု့များဖြစ်စေ၊သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းစောင့်ရှောက်သည့်လုပ်ဆောင်ချက်များဖြစ်စေ လာမည့် စက်တင်ဘာ ၂၁ ရက်နေ့ ကမ္ဘာ့သန့်ရှင်းရေးနေ့
နှင့်ယင်းသတ္တပတ်အတွင်းပြည်သူများ၊ပရဟိတအသင်းအဖွဲ့များနှင့် အဖွဲ့အစည်းများမှ တက်ကြွစွာဆောင်ရွက်နိုင်ရန်JCIMyanmar မှသတင်းအချက်အလက်များကိုနေနေ့ကအသိပေးရှင်းလင်းပြောကြားခဲ့​ကြောင်းသိရသည်။

အက်စတိုးနီးယား(Estonia)နိုင်ငံအခြေစိုက်Let'sDoitFoundation မှ လွန်ခဲ့သော ၁၀ နှစ်ကကမ္ဘာ့သန့်ရှင်းရေးနေ့ကိုစတင်ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် Let's Do it Foundation ၏ Global Partner ဖြစ်သည့် Junior Chamber International Myanmar (JCI Myanmar) မှ ဦးဆောင်ပြီး ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့သန့်ရှင်းရေးနေ့ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ နည်းတူပါဝင်လှုတ်ရှားဆောင်ရွက်နိုင်စေရန်ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ပရဟိတအသင်းအဖွဲ့များနှင့်ပူးပေါင်းပြီးဆောင်ရွက်ခဲ့ပါသည်။

ကမ္ဘာ့သန့်ရှင်းရေးနေ့ (World Cleanup Day) စက်တင်ဘာ ၁၅ ရက်နေ့ ၂၀၁၈ ခုနှစ် မှစတင်ပြီး မြန်မာနိုင်ငံတွင်လည်း ရန်ကုန်နှင့် မန္တလေးမြို့ကြီး အပါအဝင် မြို့ပေါင်း ၃၀ ကျော်တွင် ပထမဆုံးအကြိမ် အဖြစ် ကျင်းပ ဆောင်ရွက်နိုင်ခဲ့ပါသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ သန့်ရှင်းရေးလှုတ်ရှားမှု့တစ်ရပ်ဖြစ်သည့် ကမ္ဘာ့သန့်ရှင်းရေးနေ့ကိုယခု ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့တွင် ယခင်နှစ်ကဲ့သို့ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၅၀ နည်းတူ မြန်မာနိုင်ငံ အနေဖြင့်လည်း ပါဝင်လှုပ်​ရှားဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပြီးအနယ်​နယ်​အရပ်​ရပ်​မှ Clean Up မိတ်​ဖက်​အဖွဲ့အစည်းများအ​နေနှင့်​ကမ္ဘာ့သန့်​ရှင်း​ရေး​နေ့လှုပ်​ရှားမှုတွင်​ကု​စီပါဝင်​​ဆောင်​ရွက်​နိုင်​ရန်​နှိုး​ဆော်​ထားကြောင်းသိရသည်။




Comments