အသစ်စက်စက် လိမ္မော်ရောင် Suzuki GLX ကား ၆ စီး ကံထူးသူများကို Mytel မှ ဆုချီးမြှင့်

ဆက်သွယ်ရေးအော်ပရေတာ Mytel သည် တစ်နှစ်ပြည့်ကံစမ်းမဲအစီအစဉ်မှ အသစ်စက်စက် လိမ္မော်ရောင် Suzuki GLX ကားကံထူးရှင် ၆ ယောက်အား သြဂုတ်လ ၂၃၊ ၂၀၁၉ တွင် Mytel ရုံးချုပ်၌ ဆုချီးမြှင့်ခဲ့သည်။

ထို့အပြင် အဆင့်မြင့် Bphone 3 အလုံး၃၀၊ တစ်နှစ်စာအကန့်အသတ်မရှိ FTTH ဝန်ဆောင်မှု ၂၀ ခု၊ AirPods 2 ၂၂လုံး၊ Samsung Smart TV ၁၀လုံးနှင့် တို့အပြင် 100MB၊ 1GB၊ 10GB နှင့် 100 GB နေ့စဉ်ဒေတာဆုများကိုလည်း ကံထူးရှင်အသီးသီးအား ပေးအပ်ခဲ့သည်ဟုသိရသည်။

 “အခုလို အသစ်စက်စက် လိမ္မော်ရောင် Suzuki GLX ကား ၆ စီးကို အသီးသီးကံထူးသွားကြတဲ့ ကံထူးရှင်တွေကို လွှဲပြောင်းပေးရတာ အရမ်းစိတ်လှုပ်းရှားရပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ဆင်နွှဲခဲ့သူ အားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ ဒီ အရမ်းပျော်ဖို့ကောင်းပြီး ဆုတွေလဲ ကံထူးနိုင်တဲ့ အစီအစဉ်လေးက ကျွန်တော်တို့တွေလဲ ဖန်တီးရတာ ပျော်သလို ပါဝင်ခဲ့တဲ့သူတွေအတွက်လဲ ပျော်ရွင့်ခဲ့တယ်လို့ မျှော်လင့်မိပါတယ်။” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ ပြောကြားခဲ့သည်။

တစ်နှစ်ပြည့်ကံစမ်းမဲအစီအစဉ်မှ ကံထူးရှင်များကို ဇွန်လ ၉ရက်၊ ဇူလိုင်လ ၉ရက်နှင့် သြဂုတ်လ ၄ရက်နေ့များတွင် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် ၃ ခု သီးခြားပြုလုပ်ကာ ရွေးချယ်ခဲ့သည်။ ပြီးခဲ့သော သောကြာနေ့၊ သြဂုတ်လ ၂၃၊ ၂၀၁၉တွင် Mytel မှ အသစ်စက်စက် ကား ၆ စီး၏ ကံထူးရှင်များဖြစ်ကြသော မဆုဝတ်ရည်ဦး၊ ကိုလှိုင်အောင်မြင့်၊ ကိုအိုက်နပ်ပေါင်း၊ ကိုဇော်မင်း၊ ကိုငြိမ်းချမ်းအောင် နှင့် ကိုရီဝင်းနိုင်တို့အား အသစ်စက်စက် လိမ္မော်ရောင် Suzuki GLX ကားကို အသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။





Comments