SUVကားများကိုပြသရောင်းချရုံသာမကစမ်းသပ်မောင်းနှင်ခွင့်ရမည့်CarsDB SUVကားအရောင်းပြပွဲ
ဖွင့်ပွဲအခမ်းအနားကိုယခုလ၁၀ရက်နေ့ကရန်ကုနိမြို့နိုဗိုတယ်ဟိုတယ်၌ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားကိုယခုလ၁၀ရက်နေ့ကရန်ကုနိမြို့နိုဗိုတယ်ဟိုတယ်၌ကျင်းပခဲ့သည်။
CarsDBမှကြီးမှူးကျင်းပသည့်SUVကားအရောင်းပြပွဲကိုနိုဗိုတယ်ဟိုတယ်တွင်သြဂုတ်လ၁၀ရက်နှင့်၁၁ရက်နေ့များတွင်ကျင်းပလျှက်ရှိရာSUVကားသီးသန့်အရောင်းပြပွဲဖစ်သည့်အတွက်ယခုပြပွဲတွင်BMW၏x1နှင့်x2 GAC၏GS5 GS7နှင့်GS8 Hyundai၏Cretaနှင့်Tuscon JLR၏Jaguar F Peace Land Rover All New Discoveryနှင့်Range Rover All New Evoque Toyota၏Rushနှင့်Fortuner Volvo၏XC40. XC60 XC90တို့ကိုပြသရောင်းချမည်ဖြစ်သည်။
"မြန်မာပြည်မှာကားတွေရဲ့systemတွေနည်းပညာတွေကအဆင့်မြင့်လာပါတယ်အဆင့်မြင့်လာတာနဲ့အမျှကျွန်တော်တို့ရဲ့costomerတွေကလဲအဆင့်မြင့်တဲ့ကားတွေအပေါ်မှာသူတို့အနေနဲ့အထိုက်အလျောက်ဒီကားတွေကိုစမ်းသပ်မောင်းချင်တာပဲဖစ်ဖြစ်ပိုင်ဆိုင်ချင်တာပဲဖြစ်ဖြစ်စိတ်ကူးလေးတွေရှနတယ်ဒီလိုစိတ်ကူးရှိတဲ့သူတွေကိုအမှန်တကယ်အကောင်အထည်ဖော်ပေးဖို့ပါဝင်ဖြစ်တာပါပုံမှန်အပြင်မှာသွားဝယ်ရင်ကားတန်ဖိုးရဲ့သုံးဆယ်ရာခိုင်နှုန်းကိုလက်ငင်းပေးရမယ်ဒီပွဲမှာဆိုဆယ်ရာခိုင်နှုန်းပဲသတ်မှတ်ထားတယ်''ဟုဧရာဝတီဘဏ်မှကိုသန့်ဇော်ထူးကပြောသည်။
ယခုပြပွဲကိုကားထုတ်လုပ်သူများဖြန့်ဖြူးရောင်းချသူများကားနှင့်ဆက်စပ်သည့်လုပ်ငန်းများမော်တော်ယာဉ်အရစ်ကျဝယ်ယူနိုင်သောဘဏ်နှင့်အာမခံလုပ်ငန်းများမှတဆင့်ဈေးကွက်အတွင်းရှိလိုအပ်သောမော်တော်ယာဉ်နှင့်သက်ဆိုင်သောဝန်ဆောင်မှုအမျိုးအမျိုးကိုတနေရာတည်းတွင်စိတ်ကြိုက်လေ့လာဝယ်ယူနိုင်ရန်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
Comments
Post a Comment