SHARP မှ 8K.TVနှင့်​ Plasmacluster ကို မြန်​မာနိုင်​ငံ​ဈေးကွက်​တွင်းသို့စတင်​မိတ်​ဆက်

SHARP မှ ​နောက်​ဆုံး​ပေါ်နည်းပညာများနှင့်​ထုတ်​လုပ်​ထား​သော 8K.TV အမျိုးအစားဖြစ်​သည့်​အပြင်​ ဆုများစွားရရှိထား​သော AQUOS 8k TV သည်​ အာဆီယံ​ဈေးကွက်​တွင်​ ၂၀၁၉ ခုနှစ်​ ဇန်​နဝါရီလ(၁၁)ရက်​​နေ့တွင်​စတင်​မိတ်​ဆက်​​ရောင်းချခဲ့ပြီး ယခုအခါ မြန်​မာနိုင်​ငံ​ဈေးကွက်​တွင်းသို့စတင်​မိတ်​ဆက်​လိုက်​ပြီဖြစ်​​ကြောင်းအခမ်းအနားကိုသြဂုတ်​လ(၂၂)ရက်​​နေ့ကပြုလုပ်​ခဲ့ပါသည်​။

SHARP သည်​ ၎င်း ကို စတင်​တည်​​ထောင်​ခဲ့​သော ၁၉၁၂ ခုနှစ်​တည်းကပင်​ ကမ္ဘာ့သုံးစွဲသူများ၏ အ​ထောက်​အကူပြုရန်​ရည်​ရွယ်​၍ ကုန်​ပစ္စည်း အမျိုးအစားများစွာကို ထုတ်​လုပ်​ခဲ့ပြီး မြန်​မာနိုင်​ငံသို့ ၂၀၁၉ ခုနှစ်​မှမှစတင်​၍ ​ရောက်​ရှိခဲ့ပါသည်​။

" မြန်​မာနိုင်​ငံဟာဆိုရင်​ အ​ရှေ့​တောင်​အာရှမှာ တက်​သစ်​စ ​ဈေးကွက်​နိုင်​ငံတစ်​ခုဖြစ်​ပြီး ​နောက်​တွင်​မကျန်​ခဲ့ဖို့ အ​ရေးကြီးတဲ့အတွက်​​ကြောင့်​ Sharp အ​နေနဲ့ မြန်​မာနိုင်​ငံမှာ စီးပွား​ရေးလုပ်​​ဆောင်​တာဖြစ်​ပါတယ်​။ ကျွန်​​တော်​တို့ ဒီ​ဈေးကွက်​ကို​ဖောက်​ဖို့အတွက်​ Young generation, Innovation နှင့်​ Localization ဆိုတဲ့ ရည်​ရွယ်​ချက်​ ၃ ခုကို အဓိကထားပြီး​ဆောင်​ရွက်​ပါတယ်​။ 8k နှင့်​ Plasmacluster နည်းပညာဟာဆိုရင်​ ကျွန်​​တော်​တို့ရဲ့ထိပ်​တန်းနည်းပညာများဖြစ်​ပြီး မြန်​မာမိသားစုဝင်​တွေကို ယခုနှစ်​မှစတင်​အသုံးပြုနိုင်​မှာပါ မကြာခင်​ မြန်​မာနိုင်​ငံ၊ရန်​ကုန်​မြို့မှာလည်း ကုမ္ပဏီသစ်​တည်​​ထောင်​ဖို့ရှိ​နေပါတယ်​"ဟု Sharp Thai နှင့်​Malaysia ၏ မန်​​နေဂျင်းဒါရိုက်​တာဖြစ်​သူ Robert Wu မှ ​ပြောကြားခဲ့သည်​။

ယခုမိတ်​ဆက်​ခဲ့​သောAQUOS k8k: TV "AQUOS8kသည်​ ကြည့်​ရှု့သူများအတွက်​ အ​ရောင်​အ​သွေး အလင်းအမှိန်​နှင့်​ သဘာဝကျကျ ကြည့်​ရှု့နိုင်​ရန်​ IGZO display ဖြင့်​​ဆောင်​ရွက်​ထားခြင်းဖြစ်​ပါသည်​။ 8k LCD monitor သည်​ Pixels resolution ၃၃ သန်း ထုတ်​လုပ်​နိုင်​ပြီး အလင်းညှိနိုင်​မှု နည်းပညာဖြင့်​ ပုံမှ TV screen များထက်​ ပုံရိပ်​​တောက်​ပမှုကို ၁၃ ဆ​လျှော့ချ၍ ပိုမို​​ကောင်းမွန်​​သာ​လွန်​​သော ပုံရိပ်​များကိုထုတ်​လုပ်​​ပေးပါသည်​။ Dolby ATMOS ဖြင့်​ Eilex audio System ​ကြောင့်​ အသံအားအ​ကောင်းဆုံးနှင့်​ ပြတ်​သားဆုံးအသံကိုထုတ်​လုပ်​​ပေး​သော​ကြောင့်​ ပြီးပြည့်​စုံ​သော ရုပ်​မြင်​သံကြားအ​တွေ့အကြုံကို​ပေးစွမ်းနိုင်​​ကြောင်းသိရသည်​။







Comments