အနုပညာရှင်များစွာဖြင့်Samsung GalaxyNote10+နှင့်GalaxyNote10စမတ်ဖုန်းများစတင်မိတ်ဆက်ပွဲကျင်းပ

Samsung ၏ နောက်ဆုံးထုတ် Galaxy Note
10 +နှင့်GalaxyNote10စမတ်ဖုန်းများမြန်မာပြည် ဈေးကွက်တွင်းစတင်မိတ်ဆက်ပွဲကိုစနေနေ့ညနေပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel ၌ ပြည်တွင်းရှိနာမည်ကြီးအနုပညာရှင်များစွာဖြင့်မိတ်ဆက်ခဲ့သည်။

ခမ်းအနားကို Samsung ၏ Brand Ambassador များဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင် ၊ ဖွေးဖွေး ၊အေးဝတ်ရည်သောင်း၊G-Fatt၊ပန်းရော
င်ခြယ်နှင့်Akgoliveတို့ကတက်ရောက်ပြီးပျော်စရာ အစီအစဉ်များနှင့်အတူစိတ်ဝင်စားစရာကောင်းသည့်ဆွေးနွေးငြင်းခုံကြသောDebateအစီအစဉ်ကိုလည်း ဆက် လက်ကျင်းပခဲ့သည်။

"ကျွန်တော်တို့က SAMSUNG Galaxy Note 10 မှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုချင်းဆီက ဖုန်း အသုံးပြုသူတွေကိုအောင်မြင်မှုတွေပိုပြီးဆွတ်ခူးရရှိနိုင်ဖို့အတွက်ရည်ရွယ်ပြီးထုတ်ထားတာပါ။အလုပ်နဲ့ပတ်သက်တဲ့Projectအကြီးကြီးတွေကိုစီစဉ်ရေးဆွဲဖို့ဖြစ်ဖြစ်၊ဗီဒီယိုတွေကိုရိုက်ကူးတည်းဖြတ်ဖို့ပဲဖြစ်ဖြစ်၊ဒါမှဟုတ်ကိုယ်ကြိုက်နှစ်သက်တဲ့မိုဘိုင်းဂိမ်းတွေကို ဆော့တဲ့အခါမှာပဲဖြစ်ဖြစ် ဒီ Product က ပိုမိုမြန်ဆန် ကောင်း မွန်အောင် ပေးစွမ်းနိုင်ပါတယ် "ဟု Samsung Myanmar ၏ Head of IT and Mobile Group မှ ကိုဇာနည် ၀င်းထက်ကပြောဆိုသည်။

ဈေးနှုန်းအနေဖြင့် Galaxy Note 10 သည် ၆.၃ လက်မ Front Lens 10 MP f/2.2 ၊ Ultra Wide 16MP f/2.2 ၊ Wide 12 MP f/1.5 & 2.4 ၊ Tele 12MP f/2.1 ၊ Memory အနေဖြင့် RAM 8GB + ROM 256GB ၊ Battery 3500 mAh ကိုကျပ် ၁၄၉၉၀၀၀ဖြင့် လည်းကောင်း၊
Galaxy Note 10 + သည် ၆.၈ လက်မ Front Lens10 MP f/2.2 ၊ Ultra Wide 16MP f/2.2 ၊ Wide 12 MP f/1.5 & 2.4 ၊ Tele 12MP f/2.1 Depth Vision Camera ၊ Memory (RAM 12GB +ROM 256GB )၊ Battery 4300 mAh ကို ကျပ် ၁၆၉၉၀၀၀ ဖြင့်လည်းကောင်း၊ Galaxy Note 10 +သည် ၆.၈ လက်မ Front Lens10 MP f/2.2 ၊ Ultra Wide 16MP f/2.2 ၊ Wide 12 MP f/1.5 & 2.4 ၊ Tele 12MP f/2.1 Depth Vision Camera ၊ Memory (RAM12GB +ROM 512GB)၊ Battery 4300 mAh ကို ကျပ် ၁၈၉၉၀၀၀ တို့ကို စက်တင်ဘာ ၃ ရက်တွင် စတင်ရောင်း ချမည်ဖြစ်သည်။

Comments