ကိုယ်ပိုင်ဂြိုဟ်တု Myanmar Sat 2 ကို ဩဂုတ် ၇ ရက် နံနက် ၂ နာရီတွင် လွှတ်တင်


တောင်အမေရိကတိုက်၏ ပြင်သစ်ဂီယာနာ (French Guiana)ရှိ အာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်စခန်း (Ariane SpaceLaunchBase)သို့ရောက်ရှိနေသောမြန်မာနိုင်ငံ၏ကိုယ်ပိုင်ဂြိုဟ်တု Myanmar Sat 2 သို့မဟုတ် Intelsat 39 ဟုခေါ်သည့် မြေပြင်တည်ငြိမ် ပတ်လမ်းသွား ဆက်သွယ်ရေးဂြိုဟ် တု ကို ဩဂုတ် ၇ ရက် နံနက် ၂ နာရီတွင် လွှတ်တင် လိုက်ပြီဖြစ်သည်။

Myanmar Sat 2 ဂြိုဟ်တု တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် Intelsat  ကုမ္ပဏီအကြား သဘောတူညီမှုစာချုပ်ကို ၂၀၁၈ ခုနှစ် ဇွန် ၁ ရက်က စတင် လက်မှတ်ရေးထိုးပြီး အဆိုပါဂြိုဟ်တုကို Intelsat  အတွက် မာဇာနည်းပညာကုမ္ပဏီက (၅၂)စင်းမြောက်ဂြိုဟ်တုအဖြစ် တည်ဆောက်ပေးခဲ့ခြင်းဖြစ် ကာ စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းခန့် ဖြစ်သည်ဟုသိရသည်။




အဆိုပါ ဂြိုဟ်တုကို လွှတ်တင်ခြင်းဖြင့် ကမ္ဘာပေါ်ရှိ မြန်မာနိုင်ငံနှင့် သက်ဆိုင်သောဆက်သွယ်ရေးအော်ပရေတာများ၏စွမ်းဆောင်ရည်မြန်နှုန်းများကို တိုးမြှင့်ပေးနိုင်မည့်အပြင် အာဖရိကတိုက်၊ ဥရောပတိုက်၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာရှတိုက်တစ်ခွင်၌ မြန်နှုန်းမြှင့်ဗီဒီယိုဖြန့်ချိရေးဝန်ဆောင်မှုကိုလည်းဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
www.arianespace.com တွင် ဂြိုဟ်တုလွှတ်တင်သည့် ဗီဒီယိုကို တိုက်ရိုက်ကြည့်ရှုနိုင်သည်ဟုသိရသည်။

Comments