ဆဋ္ဌမအကြိမ်မြောက် Myanmar International Travel Mart 2019ဆီဒိုးနားဟိုတယ်တွင်ကျင်းပ





မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍မြန်မာနိုင်ငံ၌ ဆဋ္ဌမအကြိမ်မြောက် Myanmar International Travel Mart 2019ပွဲကိုသြဂုတ်လ၃၁ရက်နေ့မှစက်တင်ဘာလ၁ရက်နေ့အထိရန်ကုန်မြို့SedonaHotelတွင်နံနက်၉နာရီမှညနေ၆နာရီအထိကျင်းပပြုလုပ်မည်ဖြစ်ရာဖွင့်ပွဲအခမ်းအနားကိုယနေ့မနက်ကိုးနာရီကပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ဟိုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှုးဦးနိုင်ဝင်း၊မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒု-ဥက္ကဋ္ဌ
ဦးအုန်းမြင့်၊မြန်မာနိုင်ငံဆိုင်ရာချက်သမ္မတနိုင်ငံသံအမတ်ကြီးH. EMrJornoslavDolecek၊မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှဒု-ဥက္ကဌဦးဖြိုးဇော်ဝေ၊ဦးမင်သိန်းနှင့်Sponsorပေးထား
သောကုမ္ပဏီများမှတာဝန်ရှိသူများတက်ရောက်ခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ပံ့ပိုးကူညီမှုဖြင့်မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများအသင်းမှ ကြီးမှုး၍ဆဋ္ဌမအကြိမ်မြောက်
MyanmarInternationalTravelMart2019ပွဲကို
ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊၄င်းပြပွဲတွင်Outboundလိုင်စင်ရခရီးသွားကုမ္ပဏီ၊ပြည်တွင်းပြည်ပလေကြောင်းလိုင်းများ၊ဟိုတယ်များ၊ပြည်ပဆေးရုံများ၊ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့်ကုမ္ပဏီများ၊ဘဏ်များ၊Telecomများ၊ပို့ဆောင်ရေးလုပ်ငန်းများမှပြခန်းပေါင်း၁၀၀ကျော်ဖြင့်ခင်းကျင်းပြသလျှက်ရှိသည်။
ပြည်ပနိုင်ငံများသို့သွားရောက်ရာတွင်ခရီးသွားပြည်သူများအနေဖြင့်Outboundလိုင်စင်ရခရီးသွားကုမ္ပဏီများအနေဖြင့်ဆက်သွယ်ပြီးနိုင်ငံတကာခရီးစဉ်များသို့အလည်အပတ်သွားရောက်လိုသူများ၊အပန်းဖြေခရီးခရီးသွားရောက်လိုသူများ၊ပြည်ပနိုင်ငံများသို့ကျောင်းသွားတက်ရောက်လိုသူများ၊ဆေးသွားရောက်ကုသလိုသူများ၊shoppingထွက်လိုသူများယုံကြည်စိတ်ချရသောခရီးသွားကုမ္ပဏီများနှင့် တစ်စုတစ်စည်းတည်းဈေးနှုန်းသက်သာစွာဖြင့်တိုက်ရိုက်ဝယ်ယူနိုင်ကြောင်းသိရသည်။

Comments