နိုင်ငံ(၄)နိုင်ငံမှLuxuryကွန်ဒိုများကိုအရောင်းပြပွဲကျင်းပရန်ဆိုင်းခွန်နောင်အိမ်ခြံမြေနှင့်DWG(SINGPORE)တို့သဘောတူလက်မှတ်ရေးထိုး

နိုင်ငံ(၄)နိုင်ငံမှLuxuryကွန်ဒိုများကိုအရောင်းပြပွဲကျင်းပရန်ဆိုင်းခွန်နောင်အိမ်ခြံမြေနှင့်DWG(SINGPORE)တို့သဘောတူလက်မှတ်ရေးထိုးပွဲကိုသြဂုတ်လ၅ရက်နေ့ကရန်ကုန်မြို့Centralဟိုတယ်တွင်ပြုလုပ်ခဲ့သည်။

ဘန်ကောက် မလေးရှား United Kingdomနှင့်ဂျပန်နိုင်ငံတို့တွင်ရင်းနှီးမြုပ်နှံ၍Luxuryကွန်ဒိုခန်းများကိုပြည်တွင်း၌ပင်လေ့လာရွေးချယ်ဝယ်ယူရန်ယခုကဲ့သို့ပူးပေါင်းကျင်းပခြင်းဖြစ်ပြီးလေးနိုင်မှကွန်ဒိုခန်းများကိုဆီဒိုးနားဟိုတယ်တွင်ယခုလ၁၈ရက်နေ့တွင်ပြုလုပ်သွားမည်ဖြစ်သည်။

"အဓိကဈေးနှုန်းတွေကတော့ဘန်ကောက်မှာဆိုသိန်းတစ်ထောင်ကျော်ကနေငါးထောင်ခြောက်ထောင်တစ်သောင်းနီးပားလာက်ရှိတယ်ဘန်ကောက်ဆိုနာတာရှည်ဆေးကုမယ့်သူတွေကျောင်းတက်မယ့်သူတွေအတွက်အဆင်ပြေတယ်"ဟုစိုင်းခွန်နောင်အိမ်ခြံမြေမှဦးစိုင်းခွန်နောင်ကပြောသည်။


ပြည်ပနိုင်ငံများတွင်အိမ်ရာများဝယ်ယူရန်ပြည်တွင်းရှိရင်းနှီးမြုပ်နှံသူများအနေဖြင့်စိတ်ဝင်စားမှုရှိပြီးကိုယ်တိုင်ကိုယ်ကျပြည်ပနိုင်ငံများတွင်သွားရောက်ဝယ်ယူမှုများရှိသော်လည်းပြည်တွင်း၌ပြပွဲများကျင်းပ၍ပြသရောင်းချချိန်တွင်အလွယ်တကူဝယ်ယူနိုင်သည့်အတွက်လည်းစိတ်ဝင်တစားဖြင့်လာရောက်ကြည့်ရှုကြကြောင်း၎င်းကပြောသည်။

ယခုပြပွဲတွင်"နိုင်ငံခြားတွင်အိမ်ခန်းများဘာ့ကြောင့်ဝယ်ယူသင့်လဲ"ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲကိုလည်းဦးစိုင်းခွန်နောင်ဦးကျော်ကျော်လှိုင်နှင့်အတူအခြားသောအသိပညာရှင်အတက်ပညာရှင်များမှဆွေးနွေးသွားမည့်ဆွေးနွေးပွဲအားကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။




Comments