ကိုရီးယားနိုင်ငံ၊ကိုရီးယားယဉ်ကျေးမှု၊အစားအစာနှင့်အလှကုန်များကိုနှစ်သက်သူများအတွက်ကိုရီးယားနိုင်ငံသို့ကိုယ်တိုင်ရောက်ရှိ သွားသကဲ့သို့ခံစားစေရမည့်LoveKoreaပွဲတော်ကိုသြဂုတ်လ(၂၅)ရက်နေ့က ရန်ကုန်မြို့ Junction City(Promotion Area)တွင် နံနက် ၁၁ နာရီမှ ည ၇ နာရီထိ ကျင်းပခဲ့ပါသည်။
Love Korea ပွဲတော်ကို ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့အစည်း(KoreaTourismOrganization)မှ ဦးစီး၍ ၂၀၁၇ ခုနှစ်မှ စတင် ကျင်းပလာခဲ့ခြင်းဖြစ်သည်။
ယခုနှစ်Love Kore ပွဲတော်တွင်ဖျော်ဖြေရေးအ
စီအစဉ်များအနေဖြင့် လူငယ်များအကြားရေပန်းစားနေသည့် Project-Kအဖွဲ့၏ သီဆိုဖျော်ဖြေမှု ၊အဆိုတော် Key၊ အုပ်စိုးခန့်တို့၏ သီဆိုဖျော်ဖြေမှု၊ K-Popယဉ်ကျေးမှုကိုချစ်ခင်နှစ်သက်သူများအ
တွက်K-PopCoverDanceပြိုင်ပွဲ၊ကိုရီးယားစကားပြောစွမ်းရည်ပြိုင်ပွဲတို့လည်းပါဝင်တင်ဆက်ခဲ့သည်။
ထို့ပြင်ကိုရီးယားအစားအစာနှစ်သက်သူများအတွက်ကိုရီးယားအစားအစာများမြည်းစမ်းခွင့်အစီအစဉ်၊ကိုရီးယားအလှကုန်ပစ္စည်းများ၊ကိုရီးယားအစားအစာများနှင့် နယ်ပယ်အသီးသီးမှ ကိုရီးယား ကုန်ပစ္စည်းကိုလည်း အဆိုပါပွဲတွင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်မည့်အပြင် ကိုရီးယားနိုင်ငံသို့သွားရောက်လည်ပတ်ရန်အစီအစဉ်ရှိသူများအနေဖြင့်ခရီးသွားကုမ္ပဏီများမှပြသထားသောကိုရီးယားနိုင်ငံသို့ ခရီးသွားလာခြင်းဆိုင်ရာ အချက်အလက်များ ၊ ကုန်ကျစရိတ်များနှင့် အစီအစဉ်များကို လေ့လာနိုင်ရန်ပြသပေးခဲ့ကြောင်းသိရသည်။

Comments
Post a Comment