မြန်​မာနိုင်​ငံတွင်ကိုရီးယား ခရီးသွားကဏ္ဍမြှင့်​တင်​​ရေးLove Korea MICE Night In Yangon 2019 ပွဲကျင်းပ







မြန်မာနိုင်​ငံမှ ကိုရီးယားနိုင်​ငံကိုအလည်အပတ်သွား ​ရောက်​မှု မြင့်​တက်​လာ​ရေးအတွက်​ ကိုရီးယားနိုင်​ငံကို စွဲမက်​ဖွယ်​​ကောင်းသည့်​ ခရီးသွားဒေသအဖြစ်​ မိတ်​ဆက်​​ပေးရန်​ရည်​ရွယ်​ပြီးLove Korea MICE Night In Yangon 2019 ပွဲကို သြဂုတ်​လ၊၂၆ ရက်​​နေ့တွင်​ ရန်​ကုန်​မြို့ရှိ Pan Pacific Hotel ၌ ကျင်းပခဲ့သည်​။
Love Korea MICE Night In Yangon 2019 ပွဲကိုကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့မှကြီးမှူးကျင်းပခြင်းဖြစ်​ပြီးကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့၏ဘန်​​ကောက်​ရုံးခွဲမှ ဒါရိုက်​တာ Mr.Ko Bong Kil က အဖွင့်​အမှာစကား ​ပြောကြား၍ဖွင့်​လှစ်​ခဲ့သည်​။
ထို့​နောက်​ ကိုရီးယာနိုင်​ငံ၏ စွဲမက်​ဖွယ်​​ဒေသများ၏
အလှအပရှုခင်းများ ၊သွား​ရောက်​လည်​ပတ်​သင့်​သည့်​​နေရများနှင့်​ သွား​ရောက်​လည်​ပတ်​နိုင်​မည့်
ခရီးသွားအစီစဉ်​များအ​ကြောင်းကို ဗွီဒီယိုဖိုင်​ဖြင့်​တင်​ဆက်​ပြသခဲ့သည်​။
ဆက်​လက်​၍ Love Korea MICE Night In Yangon 2019 ပွဲတွင်​ တက်​​ရေက်​လာသည့်​ ဧည့်​သည်​​တော်​များက ကိုရီးယားနိုင်​ငံအ​ကြောင်း မည်​မျှထိ သိရှိသည်​ကို ​ပျော်​​ပျော်​ရွှင်​ရွှင်​စမ်းသပ်​သည့်​ဥာဏ်​စမ်းဂိမ်းများကိုလည်​ ကစားကာ အ​ဖြေမှန်​သူများအတွက်​ ဆုလက်​​ဆောင်​များချီးမြှင့်​သည့်​ပျော်​ရွှင်​စရာ အစီအစဉ်​လည်း ပါဝင်​ခဲ့သည်​။
ကိုရီးယားလုပ်​ငန်းအဖွဲ့အစည်းသည်​ နှစ်​စဉ်​ ကိုရီးယားနိုင်​ငံ တစ်​ဝှမ်းသို့ ခရီးသွားဧည့်​သည်​ ၂၄ သန်းခန့်​ ဝင်​​ရောက်​လည်​ပတ်​ရန်​ ကမ္ဘာလှည့်​ခရီးသွား၏ စိတ်​​ကျေနပ်​မှုကို ၈၇.၁၆ ရာခိုင်​နှုန်းအထိ ရရှိရန်​ ခရီးသွားလုပ်​ငန်းကဏ္ဍတွင်​ အလုပ်​အကိုင်​​ပေါင်း ၆၄၀၀၀ ထိ ဖန်​တီး​ပေးနိုင်​ရန်​နှင့်​ ပြည်တွင်းအကဲ​ဖြတ်​ သတ်​မှတ်​ချက်​တွင်​ အမြင့်​ဆုံးသတ်​မှတ်​ချက်​ ရရှိရန်​ဟူသည့်​ လုပ်​ငန်းရည်​မှန်းချက်​များ ချမှတ်​ကာ အ​ကောင်​အထည်​ဖော်​လျက်​ရှိ​ကြောင်း ၄င်း၏ တရားဝင်​ website တွင်​ ​ဖော်​ပြထားချက်​အရသိရသည်​။

Comments