မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်ရေဘေးသင့်ပြည်သူများသို့ Grand Royal Groupမှအစားအသောက်နှင့် ထောက်ပံ့ပစ္စည်းများလှူဒါန်း
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိသဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်ရေဘေးသင့်ပြည်သူများသို့Grand Royal Groupမှအစားအသောက်နှင့်ထောက်ပံ့ပစ္စည်းများကိုသြဂုတ်လပထမပတ်တွင်သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
Grand Royal Group ၏ “Being A Good Corporate Citizen” ဆိုသည့်အချက်ကိုဦးစားပေးလုပ်ဆောင်လျှက်ရှိရာဆက်နွယ်နေသူများအတွက် လူနေမှုဘ၀နဲ့ သဘာဝပတ်ဝန်းကျင် အကျိုးအမြတ်တွေအတွက်လူမှုစောင့်ရှောက်ရေး အစီအစဉ် (CSR) ကို အရှိန်အဟုန်ဖြင့်လုပ်ဆောင်လျှက်ရှိသည့်အတွက်ယခုကဲ့သို့ရေးဘေးသင့်ပြည်သူများကိုလည်းထောက်ပံ့မှုအစီအစဉ်များဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
“သဘာဝဘေးအန္တရာယ်တွေကြောင့် ဒေသခံပြည်သူများအနေနဲ့ မိမိတို့တန်ဖိုးထားရတဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်း မြောက်များစွာ ဆုံးရှုံးခဲ့ကြမယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီိလို မထင်မှတ်ထား တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အဆိုးရွာဆုံး အခြေအနေတွေနဲ့ ကြုံတွေ့ခံစားခဲ့ကြရတဲ့အပေါ် အင်မတန်စာနာမိပါတယ်။ အထူးသဖြင့် ဒီလိုဆိုးရွာတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ သူတွေရဲ့ လူနေမှုဘဝတွေ ပြန်လည်ထူးထောင်နိုင်ဖို့ ကျွန်တော်တို့ ပြည်သူတစ်ဦးတယောက်ချင်းစီမှာ တာဝန်ရှိတယ်လို့ လက်ခံယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း သူတို့လိုအပ်တဲ့ အကူအညီများ ကို တတ်နိုင်သလောက် စိတ်ရင်းစေတနာမှန်နဲ့ အကူညီပေးသွားကြမှဖြစ်ပါတယ်” ဟု Grand Royal Group မှ ဦးရင်ထန် PR Executive မှ ပြောကြားခဲ့ပါတယ်။
Grand Royal Group မှ သဘာဝဘေးအန္တရာယ်ခံစားရသည့်ဒေသမှပြည်သူများကိုဆန်၊ ခေါက်ဆွဲခြောက်ထုတ်များ၊ အစားအသောက်များ၊ မိုးကာအင်္ကျီများ၊ စောင်များ၊ ဖိုင်ဘာလှေများ အစရှိသည့် အထောက်အပံ့ပစ္စည်းများကို ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လှူဒါန်းခဲ့ကြသည်။
“ကျွန်မတို့ အမှန်တကယ် အကူအညီလိုအပ်နေတဲ့အချိန်မှာ လာရောက် လှူဒါန်းပေးတာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ Grand Royal Group ဆိုတာ ဝီစကီထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုလို့ပဲ သိထားခဲ့ကြ ပေမယ့် သူတို့အနေနဲ့ အခုလို လူမှုပတ်ဝန်းကျင်အကျိုးစီးပွားနဲ့ အလှူဒါနတွေကို ခုလို ရက်ရက်ရောရော၊ လိုလိုလားလားနဲ့ လာရောက် ပါဝင်လှူဒါန်းကူညီတာကို လက်တွေ့ ခံစားမိလိုက်ရတဲ့အချိန်မှာ အင်မတန် ဝမ်သားကြည်နူးမိပါတယ်။ ကျွန်မအနေနဲ့ မိသားစုကိုယ်စား ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် လေးစားမိပါတယ်”ဟု မွန်ပြည်နယ်မှ ရေဘေးသင့်ပြည်သူတစ်ဦးဖြစ်သည့် ဒေါ်ခင်ထွေးမှ ပြောကြားခဲ့ပါ သည်။
ယမကာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်Grand Royal Group(GRG)ကို အဖြစ် ၁၉၉၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၂၀ကျော်ရှိပြီဖြစ်ပြီး“Clean Water Project” အရရေတွင်းတူးဖော် ခြင်းလုပ်ငန်း တွင်လက်ရှိထိအိမ်ခြေပေါင်း ၆,၀၀၀ ကျော်ခန့်နှင့် လူပေါင်း ၄၀,၀၀၀ ခန့်ကို ရေသန့်ရရှိနိုင်ရန် လုပ်ပေးနိုင်ခဲ့ကြောင်းထို့အပြင်မျက်စိကုသခြင်း လုပ်ငန်းတွင်လည်းလူပေါင်း ၈၀,၀၀၀ ကျော်ရဲ့ မျက်စိဝေဒနာများကိုကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

Comments
Post a Comment