အူရီဒူးမြန်မာသည် ဆက်သွယ်ရေးဝန်ဆောင်မှု အသုံးပြုခြင်း အတွေ့အကြုံများပိုမိုကောင်းမွန်လာစေရန်ဒီဂျစ်တယ်နည်းပညာဝန်ဆောင်မှုအသစ်များကို My Ooredoo App တွင် မကြာမီကထပ်မံထည့်သွင်းပြီး အဆင့်မြှင့်တင်ခဲ့သည်ဟုသိရသည်။
၎င်းတို့ထဲမှ အဓိကထူးခြားသည့် ဝန်ဆောင်မှုတစ်ခုမှာ မိမိတို့ကြုံတွေ့နိုင်သည့် အခက်အခဲများကို ဖြေရှင်းရာတွင် သုံးစွဲသူဝန်ဆောင်မှုဌာနသို့ ဖုန်းခေါ်ဆိုရန်မလိုအပ်ဘဲ မိမိတို့ကိုယ်တိုင် My Ooredoo App အက်ပလီကေးရှင်းမှတဆင့် တိုက်ရိုက်အကြောင်းကြားပြီး ဖြေရှင်းမှုများရယူနိုင်မည့် ဒီဂျစ်တယ်ဝန်ဆောင်မှုဖြစ်သည်။
အဆိုပါ ဒီဂျစ်တယ်ဝန်ဆောင်မှုစနစ်ဖြင့် အသုံးပြုသူက ကြုံတွေ့သည့် အခက်အခဲမှတ်တမ်းများကို သုံးစွဲသူဝန်ဆောင်မှုဌာနသို့ ဖုန်းခေါ်ဆိုသည့်အခါ မှတ်ယူသိမ်းဆည်းထားပြီး သမားရိုးကျဖြေရှင်းသည့်စနစ်ထက် ဒီဂျစ်တယ်စနစ်ကို အသုံးပြုပြီး ပိုမိုမြန်ဆန်စွာ မေးမြန်းစုံစမ်းချက်များ နှင့် အခက်အခဲများကို စစ်ဆေးဖြေရှင်းပေးခြင်းဖြင့် အကြောင်းပြန်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် အူရီဒူးအသုံးပြုသူများအနေဖြင့် My Ooredoo App တွင် စာရင်းသွင်းရမည် ဖြစ်ပြီး ၄င်းမှတဆင့် ဆက်သွယ်ရန်/အကူအညီ (Contact Us/Support) နေရာသို့ သို့ဝင်ရောက်ကာ “တိုက်ရိုက်စကားပြောရန်” (“Report an Issue”) နေရာကို နှိပ်ရမည်ဖြစ်ပြီး အသုံးပြုသူ၏ အမည်၊ ဖြစ်ပေါ်နေသည့် အခက်အခဲ၊ နေ့ရက် နှင့် အချိန် နှင့် အဆိုပါ အခက်အခဲနှင့် စပ်လျဉ်းသည့် အကြောင်းအရာ ဥပမာ - ကွန်ရက်ဆိုင်ရာ၊ ဘီလ်ဆောင်ခြင်းဆိုင်ရာ၊ ငွေဖြည့်သွင်းခြင်းဆိုင်ရာ၊ ထုတ်ကုန်များဆိုင်ရာ (သို့) ဝန်ဆောင်မှုများဆိုင်ရာ စသည်များကို ရွေးချယ်ဖြည့်သွင်းရမည် ဖြစ်ပါသည်။အဆိုပါ အချက်အလက်များကို ဖြည့်သွင်းပေးပို့ပြီးပါက အခက်အခဲဆိုင်ရာ မှတ်တမ်းနှင့်အတူ စာတိုတစ်ခုကို အသုံးပြုသူထံသို့ ပြန်လည်ပေးပို့မည်ဖြစ်ပြီး သုံးစွဲသူဝန်ဆောင်မှုဌာနမှ တာဝန်ရှိသူက အချိန်တိုအတွင်း ဖြေရှင်းချက်များနှင့်အတူ Live Chat ဖြင့် ပြန်လည်ဆက်သွယ် အကြောင်းပြန်ပေးမည်ဖြစ်သည်ဟုသိရသည်။
အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Vermaက“အူရီဒူးမြန်မာကဝန်ဆောင်မှုအသုံးပြုသူတွေအားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု အတွေ့အကြုံတွေ ပေးအပ်နိုင်ဖို့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို စီစဉ်ဆောင်ရွက်ရာမှာ ဒီဂျစ်တယ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေနဲ့ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ခြင်းတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ အခုလို “တိုက်ရိုက်စကားပြောရန်” ဆိုတဲ့ ဝန်ဆောင်မှုကို ထည့်သွင်းလိုက်တာက အသုံးပြုတွေအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး အချိန်မရွေး အခက်အခဲများကို ဖြေရှင်းပေးပြီး အထိရောက်ဆုံး သုံးစွဲသူဝန်ဆောင်မှုတွေကို ပေးအပ်နိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့လည်း ဒီဝန်ဆောင်မှုကို အသုံးပြုပြီး ကြုံတွေ့လာတဲ့ အခက်အခဲတွေကို လွယ်လွယ်ကူကူ အချိန်ကုန်သက်သာစွာနဲ့ ဆက်သွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Comments
Post a Comment