ဗီယက်နမ်သံရုံး၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ရေဘေးသင့်ပြည်သူများပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက်အလှုငွေနှင့် ထောက်ပွံပစစ္စည်းများ ပေးအပ်


မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရှိ ဗီယက်နမ်စီးပွားရေး လုပ်ငန်းရှင်များအဖွဲ့(VBCN)၊ ဗီယက်နမ်လှုမှုအသိုင်းအ၀ိုင်းတို့သည် မွန်ပြည်နယ်သို့သွားရောက်ပြီး ရေဘေးသင့် ပြည်သူများအတွက် အလှုငွေနှင့် ထောက်ပံ့ပစ္စည်းများအား သြဂုတ်လ၂၁ရက်နှင့်၂၂ရက်များတွင်သွားရောက်လှုဒါန်းခဲ့သည်။

ဗီယက်နမ် သံအမတ်ကြီး Dr. Luan Thuy Duong ၊ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ ဒုတိယဥက္ကဌ နှင့် HAGL Myanmar ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ Mr.Cao Duy Thinh နှင့် အခြားသောဗီယက်နမ်ကုမ္ပဏီများမှ တာဝန်ရှိသူများ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာကျပ်ငွေ  ၁၆, ၅၇၀,၀၀၀ (တစ်ရာခြောက်ဆယ့်ငါးသိန်း ခုနှစ်သောင်း)၊ အမေရိကန်ဒေါ်လာ ၁,၅၅၀ ၊ ငွေကျပ်ဆယ့်ငါးသိန်း (၁,၅၀၀,၀၀၀) တန်ဘိုးရှိ ဆန်တန်ချိန် ၂ တန်၊ စောင်၊ ခြင်ထောင်၊ ဖျာ အစုံ ၄၀၀ အ၀တ်အထည်၊ အစားအသောက်၊ လျှပ်စစ်ထမင်းပေါင်းအိုး ဆယ်လုံး နှင့် ဆပ်ပြာမှုန့် ဆပ်ပြာခဲ အစရှိသည်တို့အား  ပေးအပ်လှုဒါန်းခဲ့သည်။



ထိုသို့ လှုဒါန်းရာတွင် သံအမတ်ကြီးက မွန်ပြည်နယ်တွင်ဖြစ်ပွားခဲ့ သော သဘာဝဘေးဒဏ်ရေဘေးသာမက အခြားပြည်နယ်နှင့်တိုင်းများတွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုအတွက် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း၊ မြန်မာနိုင်ငံရောက် ဗီယက်နမ်အသိုင်းအ၀ိုင်းမှလည်း နှစ်နိုင်ငံအကြား အမြစ်တွယ်ရှင်သန်လျက်ရှိသော ရင်းနှီးမှု၊ ချစ်ခင်မှု များအပေါ်အခြေခံပြီး ညီရင်းအကိုမောင်ရင်းနှမသဖွယ် တစ်ဦး၏အခက်အခဲကို တစ်ဦးကလာရောက် ကူညီဖြည့်ဆည်းလှုဒါန်းခြင်းဖြစ်ပြီး နောက်နောင်တွင်လည်း ပေးနိုင်သမျှအကူအညီကို အတက်နိုင်ဆုံးပေးသွားမှာ ဖြစ်ပြီး  ရေဘေးသင့်ပြည်သူများလည်း အမြန်ဆုံးပြန်လည်ထူထောင်နိုင်ပြီး အကောင်းမွန်ဆုံးအခြေအနေကို အမြန်ပြည်လည်ရောက်ရှိပါစေကြောင်း ဆန္ဒပြုဆုတောင်းခဲ့သည်။


မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပအိုဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စန်းဝင့်ခိုင်မှလည်း ယခုကဲ့သိုလာရောက်လှုဒါန်းမှုများအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ၊ တစ်ဦးနှင့်တစ်ဦးအပါ် စာနာထောက်ထားလှုဒါန်းမှု အစုစုတို့ကြောင့် နှစ်နိုင်ငံအကြား ရင်းနှီးချစ်ကြည်မှု ပိုမိုတည့်တံ့ခိုင်မြဲစေနိုင်မှာ ဖြစ်ပါကြောင်းပြန်လည်ပြောကြားသည်။


သံအမတ်ကြီိးနှင့်အဖွဲ့သည် သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ကျိုက်မရော မြို့နယ်ရှိရေဘေးကွပ်ကဲရေးရုံးသို့ သွားရောက်ပြီး အလှုငွေကျပ် ငါးဆယ့်ငါးသိန်းငါးသောင်း(၅,၅၅၀,၀၀၀)၊ အမေရိကန်ဒေါ်လာ ၅၀၀ နှင့် စားသောက်ကုန်လူသုံးကုန် အချို့ကိုလည်းကောင်း၊ ညနေပိုင်းတွင် အလှုငွေကျပ် ငါးဆယ့်ငါးသိန်းငါးသောင်း (၅,၅၅၀,၀၀၀) သိန်း၊ အမေရိကန်ဒေါ်လာ၆၀၀နှင့် လူသုံးကုန်ပစ္စည်းအချို့အား မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လည်းကောင်း အသီးသီးသွားရောက်လှုဒါန်းခဲ့သည်။


ထို့အပြင် သြဂုတ်လ ၂၂ ရက်နေ့နံနက်ပိုင်းတွင်လည်း ရေးမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှုးရုံးသို့ သွားရောက်ပြီး ရေးမြို့ရေဘေးသင့်ပြည်သူများအတွက် အလှုငွေကျပ် ၅၅သိန်း  ၇သောင်း (၅,၅၇၀,၀၀၀) ၊ အမေရိကန် ဒေါ်လာ ၄၅၀ နှင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို လှုဒါန်းခဲ့သည်။

အဆိုပါ ရေဘေးကယ်ဆယ်ရေး နှင့်ပြည်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး၏ ဦးဆောင်မှုဖြင့် HAGL Myanmar ကုမ္ပဏီမှ ကမကထပြုလုပ်ကာ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး HAGL Myanmar အနေဖြင့် အလှုငွေကျပ် ခုနှစ်ဆယ့်ငါးသိန်းနှင့် စောင်၊ ခြင်ထောင်၊ ဖျာ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာတုံးများ ပါဝင်သည့် ထောက်ပံ့ပစ္စည်း အိမ်ထောင်စု ၄၀၀ အတွက် တန်ဘိုးငွေကျပ် ခုနှစ်ဆယ့်ငါးသိန်း၊ စုစုပေါင်း ကျပ်သိန်း တစ်ရာ့ငါးဆယ် (၁၅,၀၀၀,၀၀၀) အား ကမကထပြု ပါဝင်လှုဒါန်းခဲ့ကြောင်းသိရသည်။)




Comments