မြန်မာ့ဂုဏ်ပြပွဲကိုရန်ကုန်မြို့ ဝန်ကြီးများရုံးတွင် ကျင်းပမည်



ပထမဆုံးအနေဖြင့် မြန်မာ့ယဉ်ကျေး မှုလက်မှုပညာများနှင့် ပန်း ၁၀ မျိုးပြခန်း များကိုထည့်သွင်းပြသည့် "Myanmar’ Pride -မြန်မာ့ဂုဏ်" ပြပွဲကြီးကို အောက် တိုဘာလ ၄ ရက်မှ ၆ ရက်ထိ ဝန်ကြီးများ ရုံးအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"မြန်မာ့ဂုဏ်လိုပြပွဲတွေ တစ်နှစ် တစ်ကြိမ်ကျင်းပသွားမှာပါ၊ ဒါတွေအပြင်ပြည်သူတွေနဲ့နိုင်ငံခြားခရီးသွားတွေမြန်မာ့ယဉ်ကျေးမှုပြခန်းတွေကို ခမ်းနားတဲ့သ မိုင်းအမွေအနှစ်အဖြစ် အတွင်းဝန်ရုံးနေ ရာမှာလေ့လာခွင့်ရဖို့ရည်ရွယ်ချက်နဲ့ဆောင်ရွက်ရတာပါ"ဟုMyanmar’PrideEventCommitteeမန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်ကပြောသည်။
အဆိုပါပြပွဲတွင်ပါရှိမည့်ပြခန်းများ မှာပန်း၁၀မျိုးသရုပ်ဖော်ပြခန်း၊ သနပ်ခါးပြခန်း၊ခြင်းလုံးပြခန်း၊ရွှေခြည်ထိုးပြခန်း၊ပုသိမ်ထီးပြုလုပ်ခြင်းပြခန်း၊ လက်ယက် ကန်းပြခန်းများပါဝင်မှာဖြစ်ပြီး လှပသော ခရီးသွားပြခန်းများအနေဖြင့်ပုဂံ၊အင်းလေး၊ကချင်ပြည်နယ်မှမနောကွင်း၊တိုင်းရင်းသားရိုးရာအဝတ်အစားများနှင့်အခမဲ့ဓာတ်ပုံရိုက်ကူးခွင့်များပါဝင်မည်ဖြစ် ကြောင်း သိရသည်။
ပြပွဲအတွင်းပြည်တွင်းထုတ်ကုန်များ ကဏ္ဍတွင် လက်မှုပစ္စည်းများ၊ တိုင်းရင်းသားရိုးရာအစားအသောက်များ၊ရိုးရာအသင့်စားအစားအသောက်များ၊ယက်ကန်းထည်အင်္ကျီအဝတ်အထည်များ၊စားသောက်ဆိုင်လုပ်ငန်းများ၊ ပြည်တွင်းခရီး သွားဝန်ဆောင်မှုလုပ်ငန်းများ၊ ဓာတ်ပုံ ပညာရှင်များ၏ပြခန်းများ၊မြန်မာ့ယဉ်ကျေးမှုပန်းချီပြခန်း၊ ပြည်တွင်းဟိုတယ်လုပ်ငန်းများ၊လေကြောင်းလိုင်းနှင့်လက်မှတ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပို့ဆောင် ရေးဝန်ဆောင်မှုလုပ်ငန်းများ၊ မြန်မာ့စာ အုပ်၊ ကာတွန်း၊ ဂိမ်းနှင့် appilication လုပ်ငန်းများစသည်တို့ပါဝင်သော ပြည်​ တွင်းထုတ်ကုန်နှင့်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများပါဝင်မည်ဖြစ်ကြောင်းသိရ သည်။
ထို့အပြင်ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများလည်းပါဝင်မည်ဖြစ်ပြီးကျောက်ဆည်ဆင်အက၊ရုပ်သေးအက၊မြန်မာ့စောင်းအနုပညာ၊တိုင်းရင်းသားရိုးရာအကများနှင့်ProjectKအဖွဲ့၏မြန်မာအကဖြင့်ပါဝင်ဖျော်ဖြေခြင်းများလည်းပါဝင်မည်ဖြစ်ကြောင်းသိရသည်။
Myanmar’sPrideမြန်မာ့ဂုဏ်ပွဲကျင်းပရေးအဖွဲ့ကပြီးခဲ့သည့်ဇန်နဝါရီ ၄ ရက်မှ ၆ ရက်ထိ ရန်ကုန်မြို့ ကန်တော် ကြီးမျှော်စင်ကျွန်း၌ ဆိုင်ခန်းပေါင်း၁၀၀ကျော်ဖြင့်"MadeinMyanmarပြည်တွင်းဖြစ်ကိုအားပေးပါ"ပွဲကြီးပြုလုပ်ခဲ့ရာ တွင် လာရောက်ကြည့်ရှုသူ ၆ သိန်းခန့်ရှိခဲ့ ကြောင်း သိရသည်။

Comments